"အကိုဘတ်ဟျွန်း လုပ်ပါဦး လို့ အီဟီးးးးး အကိုချန်းယောလ် မဆွဲပါနဲ့တော့လို့ ..."

ဘတ်ဟျွန်းလက်ကိုဆွဲထားတဲ့၂ယောက်ကို ချန်းယောလ်က အားသုံးကာ ဆွဲခေါ်နေသည်

"တော်ပြီလို့ဆိုနေ"

"ဘာတော်တာလဲ နင်တို့ ဘာကျွေးနေလို့လဲ"

"မလာချင်ဘူးဆို အမေကလဲ နောက်နှစ်အောင်စေရမယ်ဗျာ နော် နော်"

"တော်တိတ် ခေါ်ခဲ့သားချန်း"

"မလုပ်ပါနဲ့ အီးးးးဟင့်"

၂ယောက်ငိုသံက စီစီညံသွားတော့သည်

"အ့..."

ရုန်းရင်း ဆန်ခတ်သံတွေကြား ဘတ်ဟျွန်းညည်းသံသဲ့သဲ့လေးက တိုးမပေါက်

ဟို၂ယောက်ကိုတော့ ချန်းယောလ်ဆွဲခေါ်သွားတာ အရီးလေးဆီရောက်ဖို့ လက်တကမ်းအလိုလောက်မှာပင် ရှိနေပြီ

"မရိုက်ပါနဲ့ အမေရဲ့ အီးးးဟင့်"

"အရီးရယ် နောက်အောင်စေရပါမယ်"

"ဟမ် နင်တို့၂ကောင် ဘာအသုံးကျ"

အရီးစကားပင် မဆုံးလိုက်

"အားးးးးး မောင် နာတယ် နာတယ်လို့ ဟင့်"

"ဟင်"

"ယောက်ဖကြီး ယောက်ဖကြီး"

အလည်စုတ်တွေ အရိုက်ခံရမယ့်အရေးကနေ အလွတ်ရုန်းပြီး ကိုယ့်အသေလာဂရုစိုက်ပြနေတာ

"ဘတ်ဟျွန်း"

"နာတယ်လို့ ဟင့် မွေးတော့မှာလား မသိဘူး နာတယ်"

ချန်းယောလ်တို့ ပြာယာခတ်နေရပြီ

"အမေ မွေးတော့မှာထင်တယ် ဘယ်လိုလုပ်"

"အော်သားရယ် ပွေ့ခဲ့ အခန်းထဲ သွားသွားဟို၂ကောင် သားဖွားဆရာမခေါ်ခဲ့တော့ ဟိုမှာခုံအောက်မှာရေတွေ တွေ့လား ရေမွှာပေါက်နေပြီ မြန်မြန်"

"ဟုတ်ဟုတ်"

ဟို၂ကောင်လဲ ခြံပြင် ဖိနပ်ပင်မပါ အပြေးထွက်သွားသည်

အရီးလေးရယ် အမေရယ်က ချန်းယောလ်ပွေ့ခေါ်လာတဲ့ဘတ်ဟျွန်း သက်တောင့်သက်သာဖြစ်အောင် အိပ်ယာခင်းတွေ အဆင်သင့်ပြင်ပေးကြသည်

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now