22(2)Zaw+Uni

2K 212 16
                                    

"ကျတယ်"

"ဟေးးးး"

"အိုဆယ်ဟွန်း ဘာတွေထအော်နေတာလဲ"

"အောင်ပြီလေ"

စကားကို သေချာနားမထောင်ဘဲ ပျော်ပျော်ကြီးထခုန်နေတဲ့ ဆယ်ဟွန်းကြောင့် ချန်းယောလ်ကပါ ဝင်ဟန့်နေရသည်

"မသာ သေချာနားမထောင်ဘူး ကျတယ် မင်းကော ငါကော ကျတယ်လို့"

"ဟမ်....ကျ....ကျတယ်"

"ဟိုကောင် မွေးရကျိုးမနပ်တဲ့အကောင်"

အိုဆယ်ကိတ်တို့ အမေးဇင်းးးးဖြစ်လို့ မဆုံးသေးဘူး အသေဗျင်းဖို့ လမ်းထိပ်က သူ့အမေအသံက အကျယ်ထွက်လာနေပြီ

"လုပ် လုပ်ကြပါဦး....ဂျုံလေး သေတော့မှာပဲ"

အိုဆယ်ကိတ်နဲ့ ဂျုံအင်တို့ ဟိုပြေးဒီပြေးနဲ့သာ တိုင်ပတ်နေကြပြီ

"ဟမ်....ယွထနေကြတာ စာမေးပွဲတော့ မအောင်ဘူး ကောင်စုတ်လေးတွေ"

အပေါက်ဝနားထိ ရောက်လာတဲ့ အရီးလေးကြောင့် အိုဆယ်ကိတ်တို့ပြေးစရာမြေမရှိ ဂျုံအင်ပါ အဆစ်ပါသေးသည် လူကြီးတွေ အသိပေးပြီး တွဲကြတာမို့ ဂျုံအင့်အမေတွေကကိစ္စမရှိပေမဲ့ အိုဆယ်ကိတ်နဲ့အတူ ရောပြီး ဗျင်းခံရတော့မယ့်အဖြစ်

"လာ ဂျုံလေး လာ"

အပေါက်ဝနားက ဂျုံလေးကိုဆွဲကာ ထိုင်နေတဲ့ ဘတ်ဟျွန်းနား အပြေးသွားသည်

တုတ်ကြီး တရမ်းရမ်းနဲ့ အရီးလေးက ခြံထဲဝင်လာပြီး

"အိုဆယ်ဟွန်းးးး လာခဲ့အဲ့နားကနေ"

ဘတ်ဟျွန်းနား ကုပ်ကုပ်လေး ၂ယောက်သားပူးကပ်ထိုင်နေကြသည်

"ဟင့်အင် အမေက ရိုက်မယ့်ဟာကို"

"ကျတာ ရိုက်မှာပေါ့ ဟမ်....ငါပြောပြီးသား တွဲတာတွဲ ပညာရေးထိရင်သေမယ်လို့"

ခါးကြီးထောက်ကာ ပြောနေတဲ့ အရီးလေးကို ဘယ်သူမှ ဝင်မဖြောင့်ဖြပေးကြ

"လာနော် အဲ့နားဆို ဘတ်လေးထိမိမှာစိုးလို့ လာ သားချန်း သွားဆွဲခေါ်ပေး မင်းယောကျ်ားနားက"

အကိုချန်းယောလ်ကလဲ ဈေးခြင်းတောင်းကြီးချကာ ဟို၂ကောင်အနားကပ်လာတော့

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now