20 Zaw+Uni

2K 212 12
                                    

"ဟူးးးးးး ပျင်းလိုက်တာ အမေရာ"

ဆန်ပြာနေတဲ့ အမေ့နား တိုးလို့ထိုင်လိုက်ကာ ညည်းမိတော့

"ပျင်းနေပြီလားးး သားချန်းယောလ်လဲပြန်လာတော့မှာပါ"

"အမေ မောင် ပြန်မလာခင် လမ်းထိပ်ခနလောက်"

ပုခုံးပေါ်မှီတွယ်ရင်း ချွဲချွဲလေး ပြောလိုက်ပေမဲ့

"အမလေး အမလေး မသွားချင်ပါနဲ့ရှင် တော်လေးက အငြိမ်နေတာမဟုတ်ဘူး လဲပြုနေမှ"

ဘတ်ဟျွန်း မျက်နှာလေးကိုရှုံ့တွလိုက်ပြီး လက်ညိုးလေးတချောင်း တထောင်ထောင်နဲ့

"တခါတည်းပါ အမေရယ် ခနတင် မောင်ပြန်မရောက်ခင် ပြန်လာမယ်လေ နော်နော် ခနလေးတင်ပါ"

"မသွားပါနဲ့ သမက်လေးရယ် အင့် ဒါလေးယူ"

ပြာနေတဲ့ဆန်စကာ ထဲက ဆန်တဆုပ်ယူကာ လက်ထဲထည့်လာပေးတဲ့အမေကြောင့်

"ဘာကြီးလဲ "

"ပျင်းတယ်ဆို သွားခြံထောင့်မှာ ဟိုဘက်ခြံကကြက်လေးတွေ တွေ့လား"

အမေက ခြံစည်းရိုးကနေ အရှင်းသားမြင်နေရတဲ့ ခြံထောင့်က ကြက်တအုပ်ကို လက်ညိုးညွှန်ပြရင်းမေးလာသည်

"အွမ်း တွေ့တယ်လေ"

"အဲ့တာ တစေ့ချင်း ရေပြီး သွားကျွေးချည်သွား"

ပြောပြီးပြီးချင်း ဆန်ဆက်ပြာနေတဲ့အမေ ကြောင့် ဘတ်ဟျွန်းခနကြောင်သွားပြီးမှ လက်ထဲကဆန်တွေကို စကာထဲပြန်ထည့်လိုက်ပြီး

"အမေကလည်း လာနောက်နေပြန်ပါပြီ ပျင်းပါတယ်ဆို"

"ဟယ်ရေ အကောင်းပြောတာပါ သမက်လေးရဲ့ ကုသိုလ်လည်းရ သမက်လေးလည်းမပျင်းဘူးလေ အဲ့တာဆို"

"ဟွင်းးး"

"အရီးရေ ယောက်ဖ"

ကျွီ......

ခြံထဲထိ ဆိုင်ကယ်စီးကာ ဝင်လာသော ကြက်ပေါက်ကြောင့် အားတက်သွားရသည်

"လာလာ ဆယ်ဟွန်း ငါပျင်းနေတာကွ"

တက်ကြွစွာနဲ့ ခေါ်လိုက်သော်လဲ

"မလာတော့ဘူး ဒီမှာအရီး အမေက ပေးခိုင်းလိုက်လို့ ဟိုတနေ့က အရီးမှာထားတာဆိုလား"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now