19 Zaw+Uni

2.1K 245 6
                                    

"ခေါင်းမူးနေသေးလား"

"အဟွတ် အင်းး"

"ကျွတ်ကျွတ် မောင့်ကို သနားနေပါပြီ"

ရင်ခွင်ထဲ ပိုတိုးလို့ ဝင်လာတဲ့ မောင့်ကို ပိုတင်းကြပ်အောင်ပွေ့ဖက်လိုက်ပြီး ကျောလေးကို အသာအယာ ပွတ်သပ်ပေးနေမိသည်

မနက်ကတည်းက လေတွေပဲအန်ပြီး ခေါင်းမူးနေတာ အခုနေ့ခင်းဘက်တောင်ရောက်နေပြီကို မပြေပျောက်နိုင်သေး ဘုရားဘုရား မလွယ်ပါလား

"အန်ကော အန်ချင်သေးလား "

"ဟင့်အင် ခေါင်းလဲနဲနဲပဲမူးတော့တာ"

"ဆေးသောက်လည်းမပျောက်နဲ့ မောင့်အစား ကျနော်ပဲဖြစ်လိုက်ချင်တော့တယ်"

ရင်ခွင်ထဲကနေ နဲနဲလေးတိုးဖယ်ထွက်လာကာ ကိုယ့်မျက်နှာကို ကြည့်လိုက်ပြီး

"မောင့်ကလေးလေးက နောက်လတွေမှာ မောင်တို့ရဲ့ကလေးလေးအတွက်အမြဲဂရုတစိုက်နဲ့ နေရတော့မှာ အခုမောင်ဖြစ်တာက ပမွှားလေးပါ စိတ်မကောင်းမဖြစ်နဲ့"

"ဟင့် အင့် ကျနော်ကစိတ်မကောင်းဖြစ်တာပေါ့လို့ အီဟီးးးးးးး မောင်က ဒီလောက်ထိခံစားနေရတာကို"

အာဗြဲကြီးနဲ့အော်ငိုလိုက်တော့ ရင်ခွင်ထဲကအတင်းလူးလဲထသွားကာ ကိုယ့်ကိုတပြန်သူ့ရင်ခွင်ထဲဆွဲသွင်းပြီး မျက်ရည်တွေသုတ်ပေးနေပြန်သည်

"မငိုပါနဲ့ဆို ပင်ပန်းလိမ့်မယ်"

"ဟင့် အင့် သူကျမပင်ပန်းတာကျနေတာပဲ ဟင့်"

"ပတ်ဘတ်လေး ငိုနေတာမြင်ရင် မောင်က ပိုပင်ပန်းတာပေါ့ကွ မငိုနဲ့နော် ကလေးကလိမ္မာတယ် တိတ်တိတ်"

"ဟင့်အင့်"

ရဲသွေးသန်းနေတဲ့ ပါးပြင်လေးတွေကို ဖွဖွလေး နေရာအနှံ့ နမ်းရှိုက်နေမိသည် အဆိုးလေး ကလေးလဲမဟုတ်တော့ဘဲနဲ့ကို ထစ်ခနဲရှိ ငိုဖို့ချောင်းနေ

"သားတို့ရေ နေ့လယ်စာ စားကြရအောင်ဟေ့ ဆင်းခဲ့ကြတော့"

အိမ်အောက်ထပ်က အော်ခေါ်နေတဲ့အမေ

"ဟော အမေတောင် လယ်ထဲက ပြန်ရောက်တာ ကြာပြီထင်တယ် လာနေ့လယ်စာစားကြရအောင်"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now