Plumeria

1.6K 58 1
                                    

🌺 Plumeria 🌺

ပန်းတွေဆိုတာ ကမ္ဘာပေါ်ကအလှဆုံးcreatureလေးတွေပေါ့။အနံ့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့နည်းသူ့ဟန်နဲ့တော့ ပတ်ဝန်းကျင်ကိုလှပအောင်လုပ်ပေးနေတဲ့သူလေးတွေပဲ မဟုတ်လား။

ကဲ ဒီနေ့တော့ မသိတဲ့သူမရှိလောက်တဲ့ပန်းလှလှလေးတစ်ပွင့်အကြောင်းကို ပြောပြပါ့မယ်။ ဖြူဖြူဖွေးဖွေး လေးနဲ့သိပ်ချစ်ဖို့ကောင်းတဲ့ပန်းလေးတွေပေါ့။ နာမည်လေးက Plumeria တဲ့။

မြန်မာလိုဆိုရင်တော့ တရုတ်စံကားလို့ခေါ်ကြပါတယ်။ scientific nameကတော့ Frangipani လို့ခေါ်ပါတယ်။ ဟာဝိုင်အီရဲ့မင်းသမီးလေးတစ်ပါးပေါ့။

မြန်မာမှာလည်း စိုက်ပျုိးလေ့ရှိကြပါတယ်။ တစ်ပင်လုံးဆေးဖက်အရမ်းဝင်တယ်လို့သိရပါတယ်။ အပွင့်ကိုသုပ်စားရင်လည်းအတော်လေးကောင်းပါတယ်။ သူ့မှာထူးခြားချက်တစ်ခုရှိတယ်ရှင့်။ တရုတ်စံကားပင်ရဲ့အသားက တော်ရုံမီးအားနဲ့ရှိုရုံနဲ့ မီးမစွဲပါဘူး။ 500°F နဲ့အထက်မှ မီးစတင်လောင်ကျွမ်းပါတယ်။

Plumeria ရဲ့ရနံ့ကအတော်လေးကိုသင်းတာပါ။ဒါကြောင့်ရေမွှေးလုပ်တဲ့နေရာမှာလည်းအသုံးပြုလေ့ရှိကြပါတယ်။
ဒီပန်းလေးရဲ့ အဓိပ္ပါယ်တွေကိုပြောရမယ်ဆိုရင်တော့ အသစ်တစ်ဖန်စတင်ခြင်း၊ ဆွဲဆောင်မှု ၊ ကျက်သရေရှိခြင်း နဲ့ အလှတရားလို့အဓိပ္ပါယ်ရပါတယ်တဲ့။

ဟာဝိုင်အီမှာဆိုရင် ဒီပန်းလေးမှာ ကောင်းမွန်တဲ့စွမ်းအင်တွေရှိတယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်မင်္ဂလာပွဲတွေနဲ့ ပွဲလမ်းသဘင်တွေမှာ တကုတကထည့်သွင်းအသုံးပြုကြတာပါ။ ပြီးတော့ဟာဝိုင်အီမှာဒီပန်းနဲ့ပတ်သတ်တဲ့စိတ်ဝင်စားစရာအလေ့အထတစ်ခုရှိပါတယ်။
အကယ်၍အမျိုးသမီးတစ်ယောက်က သူ့ရဲ့ဘယ်ဖက်နားမှာ plumeriaကိုပန်ထားမယ်ဆိုရင် သူမမှာချစ်သူ သို့ အိမ်ထောင်ရှိတယ်လ်ုိ့ ယူဆလို့ရပြီး ညာဖက်နားမှပန်ထားမယ်ဆိုရင်တော့ သူမဟာ Singleပါတဲ့။

ဟိန္ဒူယဉ်ကျေးမှုမှာတော့ ဒီပန်းလေးက တစ်စုံတစ်ယောက်အပေါ်ထားရှိတဲ့မြတ်နိုးမှုရဲ့သင်္ကေတဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ပဲ မင်္ဂလာအခမ်းအနားတွေမှာအသုံးပြုကြပါတယ်တဲ့။
(မြန်မာမှာတော့ဘာလို့လဲမသိ မသုံးဘူး xD
ကမ်းခြေတွေမှာဆောင်မယ့်သူတွေရှိရင်တော့သုံးသင့်တယ်လ်ုိ့အကြံပေးချင်ပါတယ်။ မင်္ဂလာဆောင်တွေနဲ့အတော်လေးလိုက်ဖက်တဲ့ပန်းမို့😂)

FlowersWhere stories live. Discover now