မိတ်ဆက်
27.2K 1.3K 28
Wattpadမှာ ပန်းတွေကိုဂွေ့စရေးခဲ့တုန်းက ၁၉နှစ်ပဲရှိသေးတယ်။ ဝါသနာပါလွန်းလို့လုပ်ခဲ့တာဆိုတော့ ရေးရင်းလည်းအများကြီးပျော်ခဲ့ရတာပေါ့။ ပန်းတွေဆိုတာ နှလုံးသားဘာသာစကားတစ်ခုပါ။ အင်း...ဘာသာစကားထက်တောင်ပိုနက်ရှိုင်းမလားပဲ။ ပြောနေကျအတိုင်း "စကားနဲ့ပြောပြတာတောင် မလုံလောက်တဲ့အခါ ပန်း
နဲ့ဆက်သွယ်တာ အကောင်းဆုံးနည်းလမ်း" ပဲတဲ့။
ပြီးတော့ပန်းတွေဆိုတာ ကမ္ဘာပေါ်မှာ အလှဆုံးသက်ရှိလေးတွေလို့ပြောရင်လည်းမှားမယ်မထင်ဘူး။ ဘယ်လောက်စိတ်ညစ်ညူးနေပါစေ ပန်းလေးတွေကိုမြင်ရုံ၊ ပန်းနံ့လေးတွေရရုံနဲ့ စိတ်ကြည်လင်သွားကြတာမလား။
ဂရေ့လည်းဒီစာအုပ်လေး ဖတ်တဲ့သူတိုင်း ပန်းလေးတစ်ပွင့်ကိုင်ထားရသလို၊ ပန်းနံ့လေးရှူရှိုက်လိုက်မိသလိုမျိုး စိတ်ချမ်းသာစေချင်တယ်။ ဒါတကယ့်ရည်ရွယ်ချက်အစစ်အမှန်ပါ။ ဘ၀ရဲ့အမောတွေထဲကနေ ခဏ​ေလာက်ပြေးထွက်ပြီး နားခိုစရာနေလေးတစ်ခုဖြစ်ရင်ပဲ ရေးရကျိုးနပ်ပါပြီရှင်။
အပိုဒ်လိုက်တွေ အပုဒ်လိုက်တွေတိုက်ရိုက်ကူးရေးတာမျိုးမဟုတ်ရင် စာတွေကြိုက်သလိုယူသုံးလို့ရပါတယ်။ ဂရေ့အာဘော်အတိုင်း၊ အရေးအသားအတိုင်း တစ်ထပ်တည်းလိုက်တုတာတော့မလုပ်နဲ့ပေါ့နော်။
ဘယ်သူမှကိုယ်ကြိုးစားထားတာကို အခန့်သားယူသုံးတာတော့သဘောမကျကြဘူးလေ ဟုတ်တယ်မလား။
ဂရေ့ လိုအပ်တဲ့ Unicodeတွေ၊ Zawgyiတွေကို ဖြည်းဖြည်းချင်းလိုက်ဖြည့်ထားပေးပါ့မယ်။ ကလေးဘ၀ကရေးတာတွေကိုတော့ သည်းခံဖတ်ပေးကြပါဉီးရှင်။ Editတွေတော့ပြန်လိုက်ထားပါ့မယ်။
ဒီမှာစာအရှည်တွေချည်းထားဖြစ်မှာပါ။ အဆင်​ပြေရင် Facebook pageဖြစ်တဲ့ Flowers ကို လာခဲ့ကြပါဉီး။ သူက ပိုလှပြီးပိုစုံလို့ပါ။
ကဲ အားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ကြပါစေရှင်။
______
Zawgyi
FlowersWhere stories live. Discover now