နှင်းဆီ

11.1K 644 18
                                    

🥀 နှင်းဆီ 🥀

ဒီတစ်ခါတော့ နှင်းဆီပေါ့။ နှင်းဆီက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးပန်းလို့ပြောရင်တောင်မှားမယ်မထင်ပါဘူး။ လူတိုင်းနီးပါးသိပြီး နှစ်သက်ကြတဲ့ပန်းပါ။ သူ့ရဲ့အဓိပ္ပါယ်တွေ၊ ဒဏ္ဍာရီတွေ၊ cultureတွေကလည်း မနည်းမနောပါပဲ။ အချစ်လို့ပြောလိုက်တာနဲ့ နှင်းဆီကိုပြေးမြင်မိတဲ့အထိ အချစ်ရေးအချစ်ရာမှာကျော်ကြားတဲ့ပန်းလည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ နှင်းဆီနဲ့ပတ်သတ်တဲ့ factတွေကိုပြောပြပြီး မိတ်ဆက်ပေးပါ့မယ်။ 

နှင်းဆီရဲ့ ရှေးအင်္ဂလိပ်နာမည်ဖြစ်တဲ့ Roseဆိုတဲ့စကားလုံးဟာ လက်တင်စကားဖြစ်တဲ့ rosa ဆိုတဲ့စကားက ဆင်းသက်လာခဲ့တာပါ။ ပန်းရဲ့စတင်ရာက ရောမခေတ်လောက်ကဆိုပေမယ့် တရုတ်နိုင်ငံကစပြီး ကမ္ဘာအနှံ့ကိုပျံ့နှံ့ခဲ့တာပါ။
အလယ်ခေတ်မှာတုန်းက ရောမမှာ ဓလေ့တစ်ခုရှိခဲ့ပါတယ်။ အဲ့ဒီဓလေ့ကို "sub rosa" englishလိုဆိုရင် "under the rose"လို့ခေါ်ပါတယ်။ နှင်းဆီပန်းတွေရဲ့အောက်မှာပေ့ါ။
ဓလေ့ကဘယ်လိုလဲဆိုတော့
နှင်းဆီပန်းတွေကို ဧည့်ခန်းရဲ့မျက်နှာကျက်တွေမှာချိတ်ဆွဲထားတာပါ။ အကယ်၍များ စကားပြောကြတဲ့အခန်းရဲ့ မျက်နှာကျက်မှာ နှင်းဆီပန်းတွေကိုတွေ့ခဲ့ရင် အဲ့ဒီအခန်းထဲမှာပြောတဲ့စကားတွေအားလုံးဟာ အခန်းအပြင်ကိုပေါက်ကြားခြင်းမရှိစေရဆိုတဲ့ အဓိပ္ပါယ်ပါတဲ့။ ထိပ်တန်းလျှို့၀ှက်ချက်ပေါ့။ တချို့ကလည်း တံခါးမှာ နှင်းဆီရိုင်းကို ချိတ်ထားတာကို "sub rosa"လို့ ခေါ်ကြပါတယ်။

အနောက်နိုင်ငံcultureမှာတော့ နှင်းဆီတွေဟာ ရောမ အချစ်နတ်ဘုရားမဖြစ်တဲ့ Aphroditeဆီ​ကဆင်းသက်လာတယ်လို့ယုံကြည်ကြပါတယ်။ ချမ်းသာတဲ့ ရောမတွေက နှင်းဆီပွင့်တွေနဲ့ရေချိုးလေ့ရှိကြပါသတဲ့။

နှင်းဆီပန်းဟာဂျွန်လရဲ့ပန်းဖြစ်ပြီး ၁၅နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ရဲ့ အထိမ်းအမှတ်ပန်းပါ။

နှင်းဆီတွေကို တားရော့ကဒ်တွေမှာလည်းအသုံးပြုပါတယ်။ The Fool (အရူး)၊ The Magucial(မျက်လှည့်ဆရာ)၊ The strength(ခွန်အား)၊ The Death (သေခြင်း) ဆိုတဲ့ တားရော့လေးကဒ်ပေါ်မှာပါ။ အရူးကဒ်မှာပါတဲ့ နှင်းဆီပန်းအဖြူဟာ သန့်စင်ခြင်းကိုကိုယ်စားပြုပြီး သန့်ရှင်းစင်ကြယ်တဲ့စိတ်ကို အမှတ်ရစေခြင်းပါတဲ့။ မျက်လှည့်ဆရာကဒ်ပေါ်က နှင်းဆီကတော့ ဉာဏ်ပညာကြီးမားမှုကို ကိုယ်စားပြုတာပါ။ ခွန်အားကဒ်ပေါ်က နှင်းဆီကတော့ ညီတူညီမျှဖြစ်ခြင်းကိုကိုယ်စားပြုပြီး
သေခြင်းတရားကဒ်ပေါ်က နှင်းဆီကတော့ သန့်ရှင်းကြည်လင်တဲ့စိတ် ကို ကိုယ်စားပြုပါတယ်တဲ့။

FlowersWhere stories live. Discover now