ရေနတ်သမီးပန်း (Daffodil or Narcissus)

12.9K 936 57
                                    

အဝါ​ရောင်​Daffodil ပန်း​လေး​တွေကို​တော့မမြင်​ဖူးရင်​တောင်​နာမည်​တော့ကြားဖူး ရင်းနှီးဖူးမယ်​ထင်​ပါတယ်။ မြန်မာလိုဆိုရင်တော့ ရေနတ်သမီးပန်းလို့ ခေါ်ကြတယ်တဲ့။

Daffodil လို့​ပြောလိုက်​ရင်​State​ကျောင်းတုန်းက သင်​ခဲ့ဖူးတဲ့ William Wordsworth ရဲ့ I wondered lonely as a Cloud ကဗျာထဲက​လေယူရာယိမ်း​နေတဲ့​ရွှေအို​ရောင်​Daffodil ပန်းခင်းကြီးကို​ပြေးမြင်​ကြမယ့်​သူများမှာပါ။ ဒါ့အပြင် "Big Fish" ဇာတ်ကားထဲက Daffodilပန်းခင်းကြီးကလည်း တခမ်းတနားပဲကိုးရှင့်။

တကယ်​တော့ Daffodil ဟာ မတ်လရဲ့ပန်းပါ။​ဒီပန်းဟာ​နွေဦးကို​ရောက်​ရှိလာခြင်းရဲ့သ​င်္ကေတလည်းဖြစ်​ပါတယ်​။ 10နှစ်​မြောက်​မင်္ဂလာနှစ်​ပတ်​လည်​နေ့ရဲ့အမှတ်​အသား ပန်း လို့လည်းသတ်​မှတ်​ကြပါသေးသတဲ့။
Daffodilအပြင်​Narcissus , Jonquil , Paperwhite လို့လည်း​ခေါ်ဆိုကြပါ​သေးတယ်​။ ( daffodil family ထဲက မျိုးကွဲ​လေး​တွေပါ။ ပန်းပုံစံက​တော့ခပ်​ဆင်​ဆင်​လေး​တွေပါပဲ။)

Narcissus ဆိုတဲ့နာမည်​ဟာဂရိဒဏ္ဍာရီတစ်​ခုက​နေဆင်းသက်​လာခဲ့တာဖြစ်​ပါတယ်​။
Narcissus ဟာမြစ်​နတ်​ဘုရားCephissusရဲ့သား​တော်​တစ်​ပါး​ေပါ့။ သူဟာသိပ်​ကိုမာနကြီးပြီး အရမ်းလည်း​ချော​မောပါတယ်​တဲ့။ ဘယ်​နတ်​ဘုရားမကိုမှစိတ်​မဝင်​စားတဲ့အပြင်သူ့ကိုလာကြိုက်​တဲ့သူ​တွေကိုလည်းအရမ်းအထင်​သေးတဲ့သူ​ပေါ့။ တစ်​နေ့​တော့ဒီအ​ကြောင်းကိုသိသွားတဲ့ Nemesis( goddess of divine retribution and revenge) ဟာ သူ့ကို​ပညာ​ပေးဖို့​ရေအိုင်​တစ်​အိုင်​ကို​ခေါ်​ဆောင်​သွားခဲ့တယ်​တဲ့။ အဲ့ဒီမှာပဲသိပ်ကိုချောမောတဲ့ Narcissus
ဟာ​ရေအိုင်​မှာထင်​နေတဲ့သူ့အရိပ်​ကို သူမှန်းမသိပဲသူ့အရိပ်​ကိုသူပြန်​ချစ်​မိသွားတော့သတဲ့။
သူဟာသူ့အရိပ်​ကိုမခွဲနိုင်​မခွာရက်​နဲ့ တသသစွဲလမ်းသွားတဲ့Narcissusတစ်ယောက် ရေကန်​က​နေ တစ်​ဖဝါးမှမခွာနိုင်​ရှာပဲ​ မစားနိုင် မသောက်နိုင် မအိပ်နိုင်တွေဖြစ်ပြီး သေဆုံးသွားပါတော့တယ်။သူ​သေဆုံးသွားတာနဲ့တစ်​ပြိုင်​နက် သူ့အရိပ်​ကိုသူပြန်​ကြည့်​ခဲ့တဲ့​နေရာမှာပန်း​တွေပွင့်လာကြတယ်တဲ့။
အဲဒီပန်း​တွေကိုNarcissusလို့​ခေါ်တယ်​။
ဒါ​ကြောင့်​Daffodil ကို မာနကြီးတဲ့ပန်း​လို့လည်း​ဆိုကြတာပေါ့။ ရနံ့သင်းသင်းလေးမွှေးသတဲ့။ အေးတဲ့ဒေသတွေမှာပေါက်ရောက်သတဲ့။

FlowersDove le storie prendono vita. Scoprilo ora