Peony

3K 156 12
                                    

Peony... ရှေးတရုတ်လူမျိုးတွေက ဒီပန်းလေးတွေကို
"ပန်းတကာတို့မှာ အလှဆုံးသောပန်း" လို့တင်စားကြတယ်။
ဂျပန်လူမျိုးတွေကတော့ "ပန်းတို့ရဲ့ ဘုရင်"တဲ့။

ချိုမြိန်တဲ့ရနံ့နဲ့ အသွေးအရောင်စုံမှုတွေကြောင့်
Peony ပန်းလေးတွေက ဥယျာဉ်ပန်းတွေကြား
အတော့်ကိုနာမည်ကြီးပါတယ်။ ပန်းစည်းလုပ်​တဲ့နေရာမှာလဲ
တကယ့်ကို လူကြိုက်များတဲ့ပန်းလေးပါ။
"ကံကောင်းခြင်း ၊ ချမ်းသာကြွယ်ဝမှု၊
ကောင်းမွန်သော လက်ထပ်ထိမ်းမြားခြင်း"
ဆိုပြီး အဓိပ္ပာယ်ရတဲ့အပြင် တစ်ချို့အပွင့်ကြီးတွေဆို
10 လက်မထိ ကြီးတတ်တဲ့အတွက်
အနောက်နိုင်ငံတွေမှာဆိုရင် မင်္ဂလာပန်းစည်းအဖြစ်လည်း
အရမ်းသုံးကြပါတယ်။

နူးညံ့လှပခြင်းကို ကိုယ်စားပြုတဲ့ ဒီပန်းလှလှလေးတွေရဲ့
နာမည်က ဂရိနတ်ဘုရားတွေရဲ့ သမားတော်တစ်ယောက်ဖြစ်တဲ့ Paeon(Paean) ကိုအစွဲပြုပြီး ဆင်းသက်လာလို့
ဒဏ္ဍာရီကဆိုပါတယ်။မြေအောက်လောကသခင် Hades နဲ့
တခြားနတ်ဘုရားများစွာရဲ့ ဒဏ်ရာတွေကို ကုသပေးဖူးတဲ့
Paeon ကတော့ ကုသခြင်းနတ်ဘုရား Asclepius ရဲ့
တပည့်ပါ။တစ်နေ့တော့ နေနတ်သား Apollo ရဲ့
အမေဖြစ်သူ Leto က Paeon ကို
Mount Olympus ပေါ်က magical rootကို
ကုသရေးတွေမှာသုံးဖို့ ရှာခိုင်းခဲ့ပါတယ်။
Paeon က magical rootကို ရှာတွေ့သွားကြောင်း Asclepius သိတဲ့အခါ သူ့တပည့်ကိုသူ မနာလိုဖြစ်ပြီး
သတ်ဖို့ကြံစည်ခဲ့တယ်တဲ့။ အဲ့တာကြောင့် Leto က
Zeus နတ်မင်းကြီးကို အကူအညီတောင်းပြီး Paeon
ကို Peony ပန်းလေးအဖြစ် ပြောင်းလဲလိုက်ရတယ်လို့
ဆိုကြပါတယ်​။
(တစ်ချို့ကလဲ magical root က peony ပင်ပါတဲ့)

သမားတော်လေး Paeon ကနေ ဘဝပြောင်းသွားတဲ့
Peony ပန်းလေးက ဆေးပညာပိုင်းမှာ အတော့်ကို
အသုံးဝင်ပါတယ်တဲ့။ Peony ပင်ရဲ့အမြစ်က
နှလုံးရောဂါမဖြစ်အောင်တားဆီးပေးနိုင်ပြီး မိန်းမတွေ
ကလေးမီးဖွားတဲ့အခါ ခံစားရတဲ့ နာကျင်မှုကို
သက်သာစေနိုင်ပါတယ်။ အနီရောင် Peony ရဲ့
အမြစ်ကတော့ အသည်းကအဆိပ်အတောက်တွေကို
ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်Peony ကို ဖျားနာတာ၊
ချောင်းဆိုးတာ ၊ ခေါင်းကိုက်တာ ၊ အသက်ရှူလမ်းကြောင်းနဲ့
ဆိုင်တဲ့ရောဂါတွေ ၊ အာရုံကြောယောင်တာနဲ့
ပင်ပန်းနွမ်းနယ်မှုတွေ အတွက်လည်းသုံးနိုင်ပါတယ်တဲ့။
ကိုယ်ဝန်မဆောင်နိုင်တဲ့ မိန်းမတွေလဲ Peony ကနေ
ထုတ်လုပ်တဲ့ဆေးတွေကိုမှီဝဲကြတယ်လို့ ပြောကြပါတယ်။
Peony ပန်းက မြွေကိုက်တာအပြင် ရောဂါအမျိုးနှစ်ဆယ်ကျော်ကို ကုသပေးနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ ကလေးတွေကို
တက်တာနဲ့ သွားကိုက်တာတွေ မဖြစ်အောင် peony ပန်းလေးတွေကို လည်ဆွဲလုပ်ပြီး ဆွဲပေးတတ်ပါတယ်။ ရှေးတရုတ်လူမျိုးတွေမှာတော့ Peony ပွင့်ဖတ်ကို ရေနွေးနဲ့ရောပြီး သက်လတ်ပိုင်းတွေက သောက်သုံးလေ့ရှိပါတယ်။ အဲ့တုန်းက သူတို့ဆီမှာ Peony ပန်းက အသက်ရှည်စေနိုင်တယ်ဆိုတဲ့ အယူအဆရှိလို့ပါ။ တစ်ချို့ကတော့ ဒီတိုင်း လက်ဖက်ရည်အစားသောက်ကြပါတယ်။ အသုပ်သုပ်ရာမှာလဲ သုံးကြပါတယ်။

FlowersWhere stories live. Discover now