မက်မွန်

987 48 0
                                    

Peach Blossom....မက်မွန်...မက်မုံ စသဖြင့်ခေါ်ကြတယ်။ ချယ်ရီနဲ့အပွင့်က ခပ်ဆင်ဆင်လေးမို့ အရမ်းမှားကြတဲ့ပန်းပေါ့။ တကယ်ကသေချာကြည့်ရင်မတူပါဘူး။ အလွယ်ဆုံးခွဲနည်းကတော့ ပွင့်ဖတ်ရဲ့အလယ်မှာချိုင့်ရာလေးပါရင် ချယ်ရီဖြစ်ပြီး မပါဘဲ ဝိုင်းနေရင် မက်မွန်ပါ။ pulmကတော့ မက်မန်းပွင့်ပါ။ (ဇီးပန်းခေါ်ကြပေမယ့် ဒီမှာ pulmလို့ပြောရင် မက်မန်းပန်းကိုပဲ ထိုးပြကြပါတယ်။

ပန်းရောင် မက်မွန်ပွင့်တွေကတော့ ဘယ်cultureမှာမဆို အချစ်ရဲ့သင်္ကေတဖြစ်ပြီး ကြွယ်၀ခြင်းရဲ့ပြယုဂ်ပါ။ နွေဉီးရဲ့သင်္ကေတတွေထဲက တစ်ခုပေါ့။

မက်မွန်ပွက့်တွေက ဖြူစင်ခြင်းနဲ့မိန်းမဆန်ခြင်းကိုလည်းကိုယ်စားပြုပါသေးတယ်။ မိန်းမငယ်လေးတွေက သူတို့အိမ်ထဲမှာ မက်မွန်ပွင့်တွေကို ကံကောင်းအောင်၊ ပြီးရင် စေ့စပ်တဲ့အခါပျော်ရွှင်ရအောင်ဆိုပြီးထားကြပါတယ်။

တရုတ်မှာတော့ မက်မွန်ပွင့်ဟာ အသက်ရှည်ခြင်းကိုလည်းကိုယ်စားပြုပါတယ်တဲ့။ Sauလို့ခေါ်တဲ့ တရုတ်သက်ရှည်နတ်ဘုရားက နတ်အသီးလို့တင်စားတဲ့ မက်မွန်သီးကို ဘယ်လက်မှာကိုင်ထားတာမို့ပါ။ သူက ကျန်းမာရေးနဲ့ ချမ်းသာခြင်းရဲ့နတ်ဘုရားလို့ ယုံကြည်ကြပါတယ်။ ဂျပန်မှာတော့ မက်မုံပွင့်ဟာ လက်ထပ်ခြင်း၊ အပျိုစင်၊ သစ္စာရှိမှုနဲ့ ဆက်နွယ်နေပါသတဲ့။ ရှေးအီဂျစ်တွေကတော့ မက်မွန်ပင်ကို Harpocratesလို့ခေါ်တဲ့ တိတ်ဆိတ်ခြင်းနတ်ဘုရားအဖြစ် အထွတ်အမြတ်ထားကြပါတယ်။

မက်မွန်ပင်ရဲ့အစိတ်အပိုင်းတွေက တရုတ်မှာအဓိပ္ပါယ်တစ်မျိုးစီရှိကြသတဲ့။ အပင်က သက်ရှည်ခြင်းကိုကိုယ်စားပြုပြီး မက်မွန်သားကတော့မကောင်းဆိုး၀ါးတွေကိုတိုက်ထုတ်နိုင်တဲ့အစွမ်းရှိတယ်လို့ယုံကြည်ကြတာမို့ တိုက်ခိုက်ရေးပစ္စည်းတွေကို မက်မွန်သားနဲ့လုပ်ခဲ့ကြသတဲ့။ ပွင့်ချပ်တွေကိုတော့ တောက်မှော်ပညာရှင်တွေသုံးခဲ့ကြတယ်လို့ဆိုသတဲ့။
နွေဉီးမှာပွင့်တဲ့မက်မွန်ပင်ဟာ အပျိုလူပျိုတွေလက်ထပ်တာကိုလည်းရည်ညွှန်းပါသေးတယ်။ ဉပမာ Aဆိုတဲ့မိန်းကလေးလက်ထပ်ရင် Aရဲ့မက်မွန်ပင်ကလေးပွင့်ဖူးလာပြီလို့တင်စားတာမျိုးပေါ့။ အသီးကတော့ အပင်နဲ့တူတူပါပဲ။ အသက်ရှည်ကျန်းမာခြင်းကို ကိုယ်စားပြုပါတယ်။ ဒီလိုဒဏ္ဍာရီတစ်ခုလည်းရှိတယ်။ ဘယ်တော့မှ မသေတဲ့ မက်မွန်ပင်တစ်ပင်ဟာ ခွန်းလွန်တောင်တန်းပေါ်မှာရှိပြီး အနှစ်သုံးထောင်ကြာရင် တစ်ခါသီးသတဲ့။ သူ သီးတဲ့အခါ မသေမျိုးနတ်ဘုရားတွေက အဲ့ဒီမှော်မက်မွန်သီးကိုစားပြီး သူတို့ရဲ့နတ်စွမ်းအင်ကိုမြှင့်သတဲ့။

FlowersWhere stories live. Discover now