ညမွှေးပန်း

2.1K 82 1
                                    

ဒီနေ့အတွက်အလှည့်ကျလေးက အားလုံးစောင့်နေတဲ့ ညမွှေးပန်းလို့ခေါ်ကြတဲ့ ပန်းသေးသေးလေးတွေအကြောင်းပါ။ Englishလိုဆိုရင် Night  Blooming Jasmine, Lady Of The Night ဆိုပြီးခေါ်ကြပါတယ်။ သူက ညနေ နေ၀င်ရီတရောအချိန်ကနေစပြီး တစ်ညလုံးပွင့်ပြီး အီနေအောင်မွှေးတာပါ။ အာရုံတက်တာနဲ့ အပွင့်တွေက ချက်ချင်းပြန်ငုံသွားပြီး အနံ့ပါပျောက်သွားတာပါ။ အနံ့ကအရမ်းအီလို့ ကြာကြာခံမိရင် ခေါင်းနောက်ပါတယ်။  တစ်နှစ်မှာလေးကြိမ်ပွင့်ပါတယ်တဲ့။ ခြုံပင်အမျိူးအစားပါ။ ထူးခြားချက်က အပင်တွေအားလုံးတစ်ပြိုင်တည်းပွင့်တာပါ။
ကိုယ့်အိမ်မှာရှိတဲ့အပင်ပွင့်နေရင် တခြားနေရာကိုလည်းပြေးကြည့်စရာမလိုပါဘူး သူတို့လည်းပွင့်နေပါပြီ။ တစ်ခုတော့ရှိတယ်။ ဒီအပင်က လူအပါအ၀င် နို့တိုက်သတ္တ၀ါတွေအတွက် အဆိပ်သင့်တတ်ပါသတဲ့။

ကံမကောင်းစွာနဲ့ပဲ ဒီပန်းရဲ့အဓိပ္ပါယ်ကိုပတ်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူးရှင်။ ဒါပေမယ့်ဖိလစ်ပိုင်ပုံပြင်တစ်ပုဒ်တော့ရှာတွေ့လာခဲ့ပါတယ်။ ဟဲဟဲ

ဖိလစ်ပိုင်မှာ ဒီညမွှေးပန်းကို dama de noche လို့ခေါ်ပါတယ်။ ပန်းနာမည်နဲ့အတူ ပုံပြင်လေးဖြစ်လာတာပေါ့ရှင်။

ဟိုးရှေးရှေးတုန်းက ဖိလစ်ပိုင်က ရွာငယ်လေးတွေကို Sultansနဲ့ Datusဆိုတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကထိန်းချုပ်တယ်တဲ့။ ခေါင်းဆောင်တွေက သူတို့လူတွေရဲ့ ချစ်ခင်လေးစားခြင်းကိုလည်းခံရတယ်။ ပြီးတော့ သူတို့မြတ်နိုးတဲ့ ဘယ်အမျိုးသမီးကိုမဆို ဇနီးအဖြစ်တော်ကောက်ပိုင်ခွင့်လည်းရှိတယ်။

အဲ့အထဲမှာ Datuခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Datu Makisigလည်းအပါအ၀င်ပေါ့။ သူက ငယ်ရွယ်ပြီးခန့်ညားတဲ့သူဆိုတော့ သူ့ဇနီးလုပ်ချင်တဲ့ ရွာနီးချုပ်စပ်ကအပျိုတွေ၀ိုင်းနေတော့တာပဲ။ ပြီးတော့ သာမန်မိန်းကလေးတွေလည်းမဟုတ်ကြဘူး။ အများစုက ခေါင်းဆောင်တွေရဲ့သမီးတွေ။ ဒါပေမယ့် ဘယ်မိန်းကလေးကမှ Datu Makisigရဲ့ နှလုံးသားကို ဖမ်းမစားနိုင်ခဲ့ကြဘူး။

တစ်ရက်တော့ သူ့ပိုင်နက်နဲ့ခပ်လှမ်းလှမ်းကနယ်မြေတစ်ခုကိုသွားရင်းနဲ့ မိန်းမလှလေးတစ်ယောက်ကိုသူတွေ့ခဲ့တယ်။ သူမရဲ့နာမည်က Damaတဲ့။ Damaကဆင်းရဲပေမယ့် တကယ့်ကိုအလှပဂေးလေးပေါ့။ Datu Makisigလည်း ဒါမာ့ကို တော်ကောက်ပြီး မိန်းကလေးရဲ့မိဘတွေကိုလည်း ဒီအမျိုးသမီးလေးကိုဘယ်လောက်ချစ်ကြောင်းတွေပြောတာပေါ့။ သိပ်မကြာပါဘူး။ Damaရဲ့အချစ်ကိုသူရသွားပြီး လက်ထပ်လိုက်ကြတယ်။

Damaက ဇနီးကောင်းလည်းပီသတယ်။ သူမရဲ့ဖြစ်တည်မှုက Datu Maskigရဲ့ရွာငယ်ကို လှပစေတယ်။ Damaက အိမ်ထောင်မှုနိုင်နင်းရုံတင်မကဘူး စားကောင်းသောက်ဖွယ်တွေကိုလည်း သူ့အမျိုးသားကိုရော သူ့ဧည့်သည်တွေကိုပါချက်ကျွေးတတ်တယ်။

FlowersWhere stories live. Discover now