ကြယ်ပန်း(Baby's breath flower)

7.8K 587 26
                                    

(Baby's breath )

မြန်​မာမှာ ကြယ်​ပန်းလို့​ခေါ်တဲ့ဒီပန်း​လေးကို မသိတဲ့သူရှားမယ်​ထင်​ပါတယ်​။ အဖြူ​ရောင်​အပွင့်​သေး​သေး​လေး​တွေနဲ့ အရမ်းချစ်​ဖို့​ကောင်းတဲ့ ဒီပန်း​လေးက ပန်းပွင့်​လေး​တွေလှ​နေရုံတင်​မဟုတ်​ပဲ အဓိပ္ပါယ်​လေးကအစ လှပပြီး​လေးနက်​နေတာမျိုးပါ။

Baby's breathကို Gypsophila လို့လည်း
​ခေါ်ကြပါတယ်​။အ​ရှေ့ဥ​ရောပ ဘက်​မှာ စတင်​တွေ့ရှိခဲ့ကြတာပါတဲ့။Floristအများစုက​တော့ Filler flowerအ​နေနဲ့အသုံးပြုကြတာများပါတယ်​။(လက်​ကိုင်​ပန်းစည်း​တွေမှာ တခြားပန်း​တွေနဲ့အတူ​ရောပြီးသုံးတာမျိုးပါ။)

နှင်းဆီပန်းနဲ့ baby's breathကိုရောပေးရင် မင်းကိုသေတဲ့အထိချစ်မယ်ဆိုတဲ့ အဓိပ္ပါယ်ရပါသတဲ့။

ဒီပန်း​တွေက​နွေရာသီမှာပွင့်​လေ့ရှိပါတယ်​။

Baby's breath flower​တွေဟာ စိတ်ကူးယဉ်ဆန်တဲ့​သတို့သမီးလက်​ကိုင်​ပန်း​တွေ ရဲ့အစိတ်​အပိုင်းတစ်​ခုပါ။ အ​နောက်​နိုင်​ငံဖက်​တွေမှာ​တော့ ဒီပန်း​တွေကို တစ်​ခါတစ်​ရံမှာ က​လေး​မွေးပြီးခါစ မိဘအသစ်​တွေဆီကို လက်​ဆောင်​အဖြစ်​ပေး​လေ့ရှိပါတယ်​။

Baby's breath​ပန်း​လေး​တွေကို
ရှည်​ကြာခိုင်​မာတဲ့အချစ်​ရဲ့ပြယုဂ်လို့​တောင်​ဆိုကြပါတယ်။
ပြီး​တော့ ဒီပန်း​လေး​တွေက ဖြူစင်​ခြင်း ကိုလည်းကိုယ်​စားပြုပါ​သေးတယ်​။

ကြယ်ပန်း​လေး​တွေက အဝါ​ဖျော့​ဖျော့ (အဝါဆို​ပေမယ့်​အဖြူဘက်​ကို သန်းတဲ့အရောင်)နဲ့ ပန်း​ရောင်​ဆိုပြီးနှစ်​မျိုးရှိပါတယ်​။
ပန်း​ရောင်​ကို​အသုံးပြုတာရှားပြီး အဖြူကို  အသုံးပြုတာပိုများပါတယ်​။
ပန်း​ရောင်​လေးသန်း​နေတဲ့Baby's breathကို​တော့မိန်းက​လေး​တွေကသူတို့ရဲ့ crushဆီကို
ရည်းစားစာ​ရေးပြီးပို့တဲ့​နေရာမှာ
ထည့်​သွင်းအသုံးပြု​လေ့ရှိခဲ့ကြပါတယ်​တဲ့ရှင်​။

ကျန်တဲ့ အဝါ အပြာ အစိမ်း ခရမ်း စတာတွေက တော့ဆေးဆိုးထားတဲ့အရောင်တွေပါ။

တကယ်​တော့ ပန်း​ပေးတယ်​ဆိုတာ ကိုယ့်​ရဲ့ခံစားမှု​တွေကို သိမ်​မွေ့စွာ​ဖော်​ပြခြင်းတစ်​မျိုးပါပဲ။ ဘယ်​လောက်​ပဲ​သေးငယ်​တဲ့ပန်း​လေးဖြစ်​ပါ​စေဦး သူ့မှာကျွန်​မတို့်​ထင်ထားတာထက်​လှပပြီး​လေးနက်​တဲ့အဓိပ္ပါယ်​တွေပြည့်​နှက်​နေတတ်​ပါတယ်​။

FlowersWhere stories live. Discover now