Lily of the Valley

1.7K 85 0
                                    

Lily of the valley - May Lily✨✨

(မေလရဲ့ပန်းပွင့်ငယ်များ)

ပန်းနတ်သမီးတွေရဲ့ ရေခွက်လေးတွေလို့ တင်စားခံရတဲ့ ဒီ lily of the valley ပန်းတွေရဲ့ scientific name က Convallaria magalis တဲ့။ လက်တင်ဘာသာစကားအရဆိုရင် ဒီနာမည်က မေလနဲ့သက်ဆိုင်သောလို့ အဓိပ္ပါယ်ရတယ်။
သူ့ရဲ့တခြားနာမည်နှစ်မျိုးက May lily နဲ့ May bell ။ မေလမှာ မွေးဖွားတဲ့သူတွေကို ကောင်းချီးပေးဖို့ ဖြစ်ပေါ်လာတဲ့ ပန်းကလေးတွေပေါ့။ Lily of the valley ရဲ့ လူသိအများဆုံးအဓိပ္ပါယ်က ပျော်ရွှင်မှုများအား ပြန်လည်ပိုင်ဆိုင်ရခြင်းပါတဲ့။ romanceဆန်ဆန် flower language အရဆိုရင်တော့ "You make my life complete"တဲ့။ "မင်းကြောင့်ကိုယ့်ဘဝကြီးပြည့်စုံသွားပြီ"လို့ဆိုလိုတာပေါ့ရှင်။ဒါကြောင့် ချစ်သူတွေအပေးသင့်ဆုံးပန်းထဲမှာပါသလို မင်္ဂလာဆောင်မှာ လက်ကိုင်ပန်းအဖြစ်အများဆုံးအသုံးပြာကြပါတယ်။
(စျေးကိုအောက်မှာရေးပေးထားပါတယ် xD ဘယ်မှာရလဲတော့မမေးပါနဲ့နော် အိုင်လည်းမသိလို့ပါ😂)

Scandinavia နဲ့ Germany မှာ ကံကောင်းခြင်းအဆောင်လို့ သတ်မှတ်ထားတဲ့ ဒီပန်းတွေရဲ့ ဖြစ်ပေါ်ပုံက ပန်းလေးတွေလိုတော့ လှပမနေပါဘူး။  Lily of the valley ရဲ့အစက ဝမ်းနည်းဖို့ကောင်းတဲ့ မျက်ရည်တွေပါပဲ။ ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်ခံလိုက်ရတဲ့အချိန်မှာ ငိုကြွေးတဲ့ ဧဝရဲ့ မျက်ရည်တွေ , Rachel နဲ့ Joseph အတွက် Jacob ပူဆွေးရာကနေ ကျဆင်းလာတဲ့ မျက်ရည်တွေ , နောက်ဆုံး ခရစ်တော်ကားစင်တင်ခံရချိန်မှာ ဖြစ်တည်တဲ့ Virgin Mary ရဲ့မျက်ရည်တွေ လို့ ဒီပန်းလေးတွေကိုတင်စားကြပါတယ်။ ဒီမျက်ရည်တွေက Mary's tear လို့လဲ လူတွေခေါ်ကြတဲ့ lily of the valley ရဲ့ဖြစ်တည်ခြင်းအစတွေပါပဲ။

ဒီနူးညံ့တဲ့ပန်းပွင့်လေးတွေကို အပိုင်စိုးရတဲ့သူတွေကတော့ လအနေနဲ့ဆိုရင် မေလဖွားတွေဖြစ်ပြီး ရာသီခွင်အရဆိုရင်တော့ Gemini တွေပါပဲ။ မေလဖွားမွေးနေ့ရှင်တွေနဲ့ မေလမှာပေါင်းစည်းတဲ့ ဇနီးမောင်နှံတွေအတွက် အသင့်အတော်ဆုံးပန်းဖြစ်တဲ့ ဒီ May bell တွေကို အာရှနဲ့ ဥရောပတိုက်တွေရဲ့ အပူချိန်မမြင့်တဲ့နေရာတွေမှာ ရှာတွေ့နိုင်တယ်။

Finland နိုင်ငံကတော့ lily of the valley ကိုနိုင်ငံတော်ပန်းအဖြစ် သတ်မှတ်ထားပါတယ်။ Kielo ကတော့ Finnish လို lily of the valley လို့အဓိပ္ပါယ်ရပြီး   Finland မှာလူပေးများတဲ့မိန်းကလေးနာမည်တစ်မျိုးပါတဲ့။

FlowersHikayelerin yaşadığı yer. Şimdi keşfedin