능소화 (နွန်းဆိုးဟွာ)

3K 186 9
                                    

အခုအရမ်းနာမည်​ကြီး​နေတဲ့ Extraordinary you dramaထဲက နွန်းဆိုးဟွားလို့​ခေါ်တဲ့ Chinese Trumpet creeper အ​ကြောင်းကို ​ပြောပြပါမယ်​။ မြန်​မာလို​တော့နာမည်​ရှိတယ်​ကြားဖူး​ပေမယ့်​ မ​သေချာလို့ထည့်​မ​ရေး​တော့တာပါ။ ဆိုလိုတာက မြန်​မာမှာရှိပါတယ်​​။ဂ​ရေ့မြင်​ဖူးတယ်​။ဂ​ရေ့မြင်​ဖူးတာက​တော့ အဝါ​လေး​တွေ။ကိုရီယားကားထဲက​တော့ အနီ​လေး​ပေါ့။ သူက ​နွေရာသီမှာပွင့်​တဲ့ပန်း​လေး​တွေထဲကတစ်​ခုပါ။ အ​ရောင်​က​တော့ လိ​မ္မော်​​ရောင်​နဲ့အဝါ​ရောင်​ Gradiant​လေးရှိပါတယ်​တဲ့။ ပန်းပင်​ကနွယ်​ပင်​အမျိုးအစားထဲမှာပါပြီး ​​ကောင်းကင်​ကို​မော်ကြည့်ေ​​နတဲ့သဏ္ဍာန်​ပွင့်​တာ​ကြောင့်​ ​တော်​ဝင်​တယ်​လို့သတ်​မှတ်​ကြပြီး
ကိုရီးယားမှာဆိုရင်​ မ်ျိုးရိုးမြင့်​အိမ်​​တွေမှာပဲ စိုက်​ပျိုး​လေ့ရှိတဲ့အပင်​မျိုးဖြစ်​ပါတယ်​။ ​တော်​ဝင်​ပန်း​ပေါ့ရှင်​။

ဒီပန်းရဲ့အဓိပ္ပါယ်​ကိုရှာ​တော့သုံးမျိုး​တွေ့ပါတယ်​။
ပထမတစ်​ခုက
"ကမ္ဘာ​ကြီးပြိုလဲသွားမယ်​ဆိုရင်​​တောင်​....​ပျက်စီး​သွားမယ်​ဆိုရင်​​တောင်​...ငါက​တော့မင်းကိုပဲ​စောင့်​​နေမှာပါတဲ့။

နောက်​တစ်​မျိုးက​တော့ နွန်းဆိုးဟွားရဲ့ တရုတ်​စာလုံး​ပေါင်းက​နေဆင်းသက်​လာတာပါ။
နွန်း ~ despise ၊ ဆိုး ~ sky ၊ ဟွာ ~ Flower ၊
ကောင်းကင်ကြီးကိုတောင် အထင်အမြင်သေးသွားစေနိုင်တဲ့အထိ ပွင့်တဲ့ပန်း ၊ အဲ့လောက်ထိ ကြီးကျယ်ခမ်းနာတဲ့ အဓိပ္ပါယ် နဲ့ပါ တဲ့။

နောက်​ဆုံးတစ်​ခုက​တော့ Googleကရှာ​တွေ့တာပါ😂
New beginning တဲ့။ စတင်​ခြင်း​ပေါ့။

ကဲ...အဓိကအပိုင်းလာပါပြီ။ နွန်းဆိုးဟွာရဲ့အဓိပ္ပါယ်​ကို ဘာလို့​စောင့်​ဆိုင်းခြင်းလို့်​​ပြောရလဲဆိုရင်​ ကိုရီးယား ဒဏ္ဍာရီတစ်​ခု​ကြောင့်​ဖြစ်​ပါတယ်​။
ဟိုး​ရှေး​ရှေးတုန်းက နန်းတော်ထဲမှာ အရမ်းကိုလှပတဲ့ နန်းတွင်းအစေခံ ဆိုးဟွာ ဆိုတဲ့မိန်းက​လေးတစ်​​ယောက်​ရှိတယ်​ ။ ဆိုးဟွာကိုမြင်​သွားတဲ့ ဘုရင်မင်းမြတ်က သူမကို​တော်​​ကောက်​လိုက်​ပြီး။
နန်းတော်ရဲ့တစ်နေရာက နန်းဆောင်မှာ မိဖုရားအဖြစ်နဲ့ ချီး​မြှောက်​ခဲ့တယ်​။
ဒါ​ပေမယ့် ဘုရင်မင်းမြတ်ကတော့ ​တော်​​ကောက်​ပြီးကတည်းက မိဖုရားရဲ့နန်းဆောင်ကို တစ်ခါမှ​ရောက်​မလာခဲ့​တော့ဘူး။
စိတ်နှလုံးနူးညံ့လှပတဲ့မိဖုရား ဟာ ဘုရင်ကြီးကို ခစားဖို့အတင်းမတောင်းဆိုပဲ ဘယ်အချိန်လာမယ်မှန်း မသိတဲ့ ဘုရင်မင်းမြတ်ကိုပဲ ဆက်ပြီး စောင့်နေခဲ့ရှာတယ်​။

FlowersWhere stories live. Discover now