Columbine

937 47 0
                                    

🌸Columbine🌸

လူသိသိပ်မများပေမယ့် သိပ်ချစ်ဖို့ကောင်းတဲ့ ပန်းရိုင်းလေးတစ်ပွင့်အကြောင်း ပြောကြရအောင်။

ဘာလို့ချစ်ဖို့ကောင်းတာလဲဆိုတော့ လောလောလတ်လတ် ဗယ်လယ်တိုင်းဒေးနီးတော့  ဂျိုကြွနေတဲ့ အာအက်စ်နဲ့သူငယ်ချင်းတွေကို ပေးလို့ကောင်းတဲ့ပန်းတစ်မျိုးမို့လို့ပါ။

သူ့နာမည်ကတော့ Columbine တဲ့။ ဟုတ်ကဲ့ သူ့ရဲ့အဓိပ္ပါယ်တစ်မျိုးက အရူးလို့အဓိပ္ပါယ်ရပါတယ်။

ဘယ်လောက်တောင် ပေးလို့ကောင်းတဲ့ ပန်းလေးလဲ !

Columbine ပန်းလေးမှာ ဒီအဓိပ္ပါယ်ရှိနေရတဲ့ အကြောင်းရင်းကတော့ သူရဲ့ပုံစံက court jester လို့ခေါ်တဲ့ လူရွှင်တော်ဝတ်တဲ့ဦးထုပ်ပုံနဲ့ ဆင်နေလို့ပါတဲ့။

ဒီပန်းက ကိုယ် ကြိတ်သောက်မြင်ကတ်တဲ့သူတွေကို တစ်ဖက်လှည်အဓိပ္ပါယ်နဲ့ ပေးလို့အကောင်းဆုံးပန်းပါပဲ။

ဘာလို့ဆို သူ့ရဲ့တခြား အဓိပ္ပါယ်က အောင်မြင်မှုဖြစ်နေလို့ပါ။ အောင်မြင်မှု တစ်ခုခုရရှိသွားတဲ့သူတွေကို ဂုဏ်ပြုချင်တဲ့အခါမှာလဲ Columbine ပန်းကိုပေးလို့ရပါတယ်။ အပေးခံရတဲ့သူက အဓိပ္ပါယ်ကောက်လွဲသွားရင်တော့ ဒါကဒီ page နဲ့မဆိုင်ပါဘူး(ဤသည်ကား စကားချပ်)

Columbine ဆိုတဲ့နာမည်က လက်တင်လို ချိုးငှက်လို့ အဓိပ္ပါယ်ရတဲ့ Columba ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာပါ။ ဒါပေမယ့် လက်တင်လိုတော့ သူ့နာမည်က Aquilegia ပါ။ လင်းယုန်လို့ အဓိပ္ပါယ်ရပါတယ်။

ခရစ်ယာန်ဘာသာမှာဆို Columbine ပန်းလေးတွေက သန်းရှင်းသောဝိညာဉ်တွေအတွက် လက်ဆောင်ခုနစ်ခုကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ Celtic တွေရဲ့ယုံကြည်မှုအရတော့ Columbine ပန်းက ဝိညာဉ်ကမ္ဘာနဲ့ ဒီကမ္ဘာမြေကို အဆက်အသွယ်လုပ်ပေးနိုင်တဲ့ ပန်းလေးတွေပါတဲ့။
ဩစတေးလျမှာတော့ Columbine ပန်းက ချိုးငှက်ငါးကောင်ကို ကိုယ်စားပြုပါတယ်။ အကြောင်းကတော့ သူတို့မျက်လုံးထဲမှာ ဒီပန်းက ချိုးငှက်ငါးကောင်ပတ်လည်ဝိုင်းနေတာနဲ့တူလို့ပါတဲ့။

Columbine ပန်းတွေက အရောင်အတော်လေးစုံပါတယ် ။ အနီရောင် ၊ ခရမ်းရောင် ၊ အဝါရောင် ၊ အဖြူရောင် ၊ ပန်းရောင် ၊ အပြာရောင် , ကြိုက်တဲ့အရောင်ပြောကြည့်လိုက်ပါ , Columbine မှာရှိဖို့များပါတယ်။ ပြီးတော့သူ့ရဲ့မျိုးကွဲကလဲ အမျိုး 60 နီးပါရှိပါတယ်။

FlowersWhere stories live. Discover now