သဇင် & ခွာညို

1.7K 59 1
                                    

သဇင်ကတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုအောင်ကို မြန်မာမှာတော့ လူသိများပါတယ်။ ဆောင်းရာသီမှာပွင့်ပြီး ပန်းဘုရင်အဖြစ်တင်စားခံရ၊ မြတ်နိုးခံရတဲ့ပန်းပါ။ ပင်မြင့်စံပန်းဖြစ်ပြီး ရှေးတုန်းကဆို တော်၀င်မိသားစုကလွဲပြီး သာမန်အရပ်သား ပန်ဆင်လို့မရတဲ့အထိ သူမဟာ အစဥ္အလာကြီးခဲ့သူပါ။ အမိန့်မရပဲ ရောင်းမိ ပန်ဆင်မိရင် သေဒဏ်အထိ ပေးခံရနိုင်ပါတယ်ဆိုတဲ့အကြောင်းကို ဘုန်းနှင့်ကံနှင့် ရွေသဇင်လို့ လူသိများတဲ့ ရွှေတိုက်စိုးဦးတိုးရဲ့ ရာမရကန် က "စိမ့်ကြီးမြိုင်ကြီး"ချီ သဇင်ပန်းဘွဲ့ရကန် မှာ ရေးသားထားခဲ့တာပါ။  သဇင်ပန်းနဲ့ပတ်သတ်တဲ့ ကဗျာ၊ လင်္ကာ၊ စာပေတွေဆိုတာ အများကြီးပါ။
သဇင်ပန်းကို အမြတ်တနိုးထားတတ်ကြလွန်းတဲ့အတွက် မြန်မာရဲ့ national flower လို့တောင်ထင်ကြတဲ့သူတွေရှိပါတယ်။ မဟုတ်ပါဘူးနော်။ မြန်မာရဲ့ national flowerက ပိတောက်ပန်း ပါ။

အနောက်နိုင်ငံမှာလည်း လအလိုက်ပန်းတွေရှိသလို မြန်မာ့ပြက္ခဒိန်မှာလည်း ဆယ့်နှစ်လရာသီပန်းတွေရှိပါတယ်။ သဇင်ပန်းက နတ်တော်လရဲ့ ပန်းဖြစ်ပါတယ်။ ဆေးဖော်စပ်ရာမှာလဲအသုံး၀င်ပြီး နှလုံးပူလောင်၊ ၀မ်းလျော၀မ်းပျက်၊ မောပန်းခြင်း တွေကို ကုသရာမှာ ထည့်သွင်းအသုံးပြကြပါတယ်။
ဟိုးအရင်အချိန်တွေတုန်းကတော့ သဇင်ဟာ တောတွေတောင်တွေထဲမှာပဲ ပေါက်တာများပြီး ရှာရခက်တယ်လို့ သိရပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာပေါ့။ ဒါကြောင့် "သန့်စင်ပန်း" လို့ခေါ်ရာကနေ သဇင်ပန်းလို့ ပြောင်းလာတယ်လို့ ယူဆလို့ရပါတယ်တဲ့။
သဇင်ပန်းရဲ့ အဓိပ္ပါယ်ကိုလည်း "သန့်စင်ခြင်း"လို့ ပြောနိုင်ပါတယ်။

ဘုရင်တွေအုပ်စိုးတဲ့ သက်ဦးစံပိုင်ခေတ်တုန်းက ပထမဆုံးပွင့်တဲ့ သဇင်ပန်းကို ရှင်ဘုရင်ဆီ ဆက်ကိုဆက်ရပါတယ်တဲ့။ ပန်းကို ပထမဆုံး ဘုရားရှင်ကို ကပ်၊ ပြီးရင် ဘုရင်က ယူ၊ သူ့နောက်မှာမှ မိဘုရား၊ မင်းသားမင်းသမီး၊ မောင်းမမိဿံ တွေကနေ တိုင်းသူပြည်သားအထိ တစ်ဆင့်စီ ရောက်ရှိရတာမျိုးပါ။
သဇင်ပန်းက သစ်ခွမျိုးရင်းထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ သဇင်ကို အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ အရှေ့ဂျာဗားကျွန်းဆွယ်တွေမှာတွေ့ရပါတယ်တဲ့။

_______________________

-

ခွာညို

ဆောင်းရာသီလို့ပြောလိုက်တာနဲ့ ခွာညိုပန်းကိုလည်းမျက်လုံးထဲတန်းမြင်လာကြမှာပါ။ ပြာသိုလရဲ့ပန်းဖြစ်တဲ့ ခွာညိုဟာ ဆောင်းကို ပိုပြီးရနံ့သင်းစေသူပေါ့။ ခရမ်းရောင် ပွင့်ရွက်တွေနဲ့ အဖြူရောင်၀တ်ဆံတွေက ခွာညိုပန်းရဲ့ ပုံစံပါပဲ။
English လိုကတော့ Clematis Smilacifolia လို့ခေါ်ပါတယ်။ ခွာညိုမှာ ပွင့်ဖတ်မရှိဘူးလို့လဲ သိရပါတယ်။ ခရမ်းရောင်လေးတွေက ပွင့်ဖတ်မဟုတ်ပဲ ပွင့်ရွက်သာဖြစ်ပါတယ်တဲ့။ ဘာလို့ဆို အဆင့်နိမ့်မျိုးရင်းထဲကမို့ပါတဲ့။
(Ref: Flowers from Myanmar facebook page)

ခွာညိုကို ပန်းအဓိပ္ပါယ်လိုက်ရှာကြည့်တော့ မတွေ့တာနဲ့ Clematisရဲ့ အဓိပ္ပါယ်ကိုပဲ ခြုံပြီးယူလိုက်ကြတာပေါ့။ အဓိပ္ပါယ်က " တီထွင်နိုင်စွမ်း၊ စိတ်ထားလှပ ခြင်း" တဲ့။
သူ့ကိုတော့ အကျိတ်အဖု၊ အဖျား၊ အော့အန်ခြင်း၊ နှလုံးရောဂါတွေ ကုသတဲ့နေရာမှာအသုံးပြုပါတယ်တဲ့။

သူကတော့ အချက်အလက်သိပ်မတွေ့လို့ နည်းသွားပါတယ်။

FlowersOù les histoires vivent. Découvrez maintenant