Tulips

8.8K 462 22
                                    

နယ်​သာလန်​က ကျူးလစ်​ပန်းခင်းကြီး​တွေဆီကိုတစ်​နေ့သွားမယ်​လို့ စိတ်​ကူးယဉ်​ခဲ့ဖူးပါသလား။ ဒါမှမဟုတ်​ခပ်​ငုံငုံသဏ္ဍာန်​နဲ့ သိပ်​လှတဲ့ကျူးလစ်​တွေအ​ကြောင်းကို​ရောသိချင်​ခဲ့ဘူးပါသလား။ သိချင်​ခဲ့ဖူးတယ်​ဆိုရင်​တော့ ဒီစာမျက်​နှာ​လေးက သင့်​ကိုကျူးလစ်​ပန်း​တွေအ​ကြောင်း​ပြောပြမှာပဲဖြစ်​ပါတယ်​။

ကျူးလစ်ဟာ​နှင်းဆီပြီးရင်​အချစ်​ရဲ့သ​င်္ကေတလို့​ကျော်​ကြားတဲ့ပန်းပါတဲ့။
၀ိတိုရိယခေတ်မှာတော့​ပေးကမ်းရက်​ရောခြင်းရဲ့သ​င်္ကေတလို့သတ်​မှတ်​ခဲ့ကြပါတယ်​။
Tulipပန်း​တွေကိုစတင်​စိုက်​ပျိုးခဲ့တဲ့ တူရကီ လူမျိုး​တွေက​တော့ ကျူးလစ်ပန်း​တွေကို ကမ္ဘာ​မြေ​ပေါ်ကနိဗ္ဗာန်​ဘုံ​လို့တင်​စားကြပါတယ်​တဲ့.....သိပ်​လှတဲ့ တင်​စားမှုပါပဲ။ နွေဉီးပန်းလို့ကျော်ကြားပါတယ်။

1560ခုနှစ်​ဝန်းကျင်​လောက်​မှာ​တော့တူရကီက​နေ နယ်သာလန်နိုင်​ငံကို​ရောင်းချကြပါတယ်​။

Tulipဆိုတဲ့နာမည်​က​တော့ Persiaစကားလုံးဖြစ်တဲ့"delband"ဆိုတဲ့စကားလုံးကဆင်းသက်​လာခဲ့တာပါ။
အဓိပ္ပါယ်​ကတော့ turban(​ခေါင်း​ပေါင်း)ပေါ့။
Tulipရဲ့ပုံစံက​ခေါင်း​ပေါင်းနဲ့တူလို့ပါတဲ့လေ။

တူရကီမှာ​တော့ သူတို့ရဲ့​ခေါင်း​ပေါင်း​တွေကို
ကျူးလစ်ရိုး​တွေတဲ့အလှဆင်​လေ့ရှိပါတယ်​တဲ့။
ကျူးလစ်ပန်း​တွေဟာ လီဘီပန်း​တွေနဲ့လည်းမျိုးနွယ်​တူပါတယ်​။
Wikipedia အရ ကျူးလစ်ဟာအာဖကန်​နစ္စတန်​နိုင်​ငံနဲ့အီရန်​နိုင်​ငံရဲ့national flowerပါ။
တူရကီနဲ့​ဟော်​လန်​နိုင်​ငံ​တွေနဲ့လည်း ထူးခြားတဲ့ဆက်​နွယ်​မှု​တွေရှိပါတယ်​။

Valentine dayမှာ​တော့နှင်းဆီပြီးရင်​ဒုတိယ​ရောင်းအားအ​ကောင်းဆုံးပန်းလို့ဆိုကြပါတယ်​။ ဆယ့်​တစ်​နှစ်​မြောက်​မင်္ဂလာနှစ်​ပတ်​လည်​နေ့ရဲ့ပန်းလည်းဖြစ်​ပါတယ်​။

​ရှေးယခင်​သမိုင်းမှာ  ကျူးလစ်တွေဟာ​ဈေးအကြီးဆုံးပန်း​တွေဖြစ်​ခဲ့ပါတယ်​တဲ့။(မြန်​မာမှာသဇင်​ဟာ တန်​ဖိုးကြီးသလိုပါပဲ)1600ခုနှစ်​ကာလများဆီတုန်းက​တော့ဒီပန်း​တွေဟာ လူ​နေအိမ်​တွေ၊ သာမန်​အလုပ်​သမားတစ်​​ယောက်​တစ်​နှစ်​လုပ်​ခရဲ့ဆယ်​ဆနီးပါးကို တန်​ဖိုးကြီးခဲ့ပါတယ်​....​တော်​ရုံလူအနားမကပ်​နိုင်​တဲ့ပန်း​တွေ​ပေါ့။

FlowersWhere stories live. Discover now