Azalea

1.7K 98 12
                                    

ဒီတစ်ခေါက်ပြောပြမယ့်ပန်းလေးက အများစုအမေးများတဲ့ Azaleaဆိုတဲ့ပန်းလေးပါ။ သူက Rhododendron မျိုးစုထဲကပါ(scientific nameကလည်းအဲ့ဒါပါပဲ)။ မြန်မာမှာ ချင်းတောင်ဇလပ်လို့အများစုသိကြတဲ့ ပန်းကလည်း အဲ့မျိုးစုထဲကပါပဲ။ (အတိအကျဆို ခေါ်နူးစုမ်ဖက်မှာပွင့်တဲ့တောင်ဇလပ်က Rhododendron arboreumပါ။ Rhododendronတစ်လုံးတည်းပဲလည်းခေါ်ပါတယ်။
ဂွေ့ပုံမှာပြထားတာလေးတွေကကျ Rhododendron mucronulatumပါ။ ကိုရီးယားနဲ့ဂျပန်ဖက်မှာပွင့်တာလေးတွေ။ မြန်မာတောင်ဇလပ်နဲ့ပန်းပွင့်နည်းနည်းကွာတယ်။)
တချို့ကလည်း Azaleaကို တောင်ဇလပ်လို့ ဘာသာပြန်ကြပါတယ်။ ဂွေ့ကတော့ ပန်းပုံလေးကွဲတာမို့ Azaleaလို့ပဲသုံးပါမယ်။

Azaleaဆိုတာ ဂရိစကားဖြစ်တဲ့ "azaleos" ဆိုတဲ့ စကားလုံးကဆင်းသက်လာခဲ့တာပါ။ အဓိပ္ပါယ်က ခြောက်သွေ့သောတဲ့။ အဲ့ဒီနာမည်ပေးရတဲ့အကြောင်းအရင်းက Azaleaဟာခပ်ခြောက်ခြောက်နဲ့​အက်ဆစ်ဓာတ်များတဲ့မြေပေါ်မှာ ပိုပြီးဖြစ်ထွန်းလို့ လို့ယူဆကြပါတယ်။
(Gardening Myanmar က adminအမ ပိုးဖြူသန့်ပြောတာတော့  စိုက်တဲ့မြေကအက်ဆစ်ဓာတ်လိုရင် အပင်က သိပ်မကြီးဘူးဖြစ်တတ်တယ်တဲ့။ သံဓာတ်လိုရင် အရွက်ဝါတတ်တယ်၊ သံဓာတ်ပါတဲ့ မြေဆွေး/ အားဆေးထည့်ပေးရင် အရွက်တွေ စိမ်းပြီး အပွင့်ပိုကြီးတတ်တယ် လို့ပြောပါတယ်။  လှလို့ဆိုပြီးနေရာတိုင်းမှာစိုက်မရပါဘူး။ အေးတဲ့ဒေသမှာပဲ ရှင်တာပါ :3)

victorian era(၀ိတိုရိယဘုရင်မအုပ်စိုးတဲ့ခေတ်)မှာ Azaleaတွေကို "သီလပြည့်စုံခြင်း"
လို့ အဓိပ္ပါယ်ကောက်ကြပါတယ်။ တစ်ခါတစ်လေတော့လည်း တစ်ယောက်ယောက်ကို ဆုံးဖြတ်ချက်ပြန်ပြင်စေချင်တဲ့အခါ သို့ ပြန်တွေးစေချင်တဲ့အခါ လက်ဆောင်အဖြစ်ပေးလေ့ရှိသတဲ့။ (ပြန်စဥ်းစားပါဦးလို့ ပြောချင်တဲ့သဘော) တရုတ်နဲ့ဂျပန်မှာတော့ အိမ်မှာကုန်ဆုံးရတဲ့အချိန်တွေ ကိုကိုယ်စားပြုတယ်လို့သတ်မှတ်ကြတယ်။ပြီးတော့ Azaleaတွေက လေတိုက်ရုံ သို့ လူတစ်ယောက်က အပင်ကို၀င်တိုးရုံနဲ့တင်ကြွေတတ်တာမို့ ကြွေလွင့်လွယ်တဲ့အချစ်လို့လည်း အဓိပ္ပါယ်ရှိသေးသတဲ့။

နောက်ပြီး "အိမ်ကိုလွမ်းတယ်၊ အိမ်ကိုပြန်ချင်တယ်"ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်းပေးကြသေးတယ်။ ချမ်းသာကြွယ်၀ခြင်း၊ မိန်းမဆန်တဲ့အလှ၊ ပြင်းပြတဲ့စိတ်ဆန္ဒတွေ၊ မိသားစုကိုဂရုစိုက်ခြင်း စတာတွေကတော့ azaleaရဲ့ ကျန်ရှိတဲ့အဓိပ္ပါယ်တွေပါ။
Azaleaပင်ကို အနက်ရောင်အိုးထဲထည့်ပြီးလက်ဆောင်ပေးတာဟာ အသေသတ်မယ်လို့ ခြိမ်းခြောက်တာနဲ့ အတူတူပါပဲတဲ့။ ဘာလို့ဆိုAzaleaရဲ့ ၀တ်ရည်ကတောင် အသက်ကိုခြိမ်းခြောက်နိုင်အောင်အန္တရာယ်ရှိသတဲ့။

FlowersWhere stories live. Discover now