Naupaka

1K 53 3
                                    

Story Time ❀◕ ‿ ◕❀

The legend of Naupaka

ဟာဝိုင်အီကျွန်းပေါ်မှာ အလေ့ကျပေါက်တဲ့ Naupaka လို့ခေါ်တဲ့ ခပ်ဆန်းဆန်း ပန်းတစ်မျိုးရှိတယ်။ သူ့ကို ခပ်ဆန်းဆန်းလို့ ခေါင်းစဉ်တပ်ရတဲ့အကြောင်းအရင်းကတော့ ပန်းရဲ့အသွင်အပြင်ကတစ်ခြမ်းအတိအကျဝက်ထားသလို ပုံစံရှိနေလို့ပါပဲ။ သူ့ရဲ့ဒီအသွင်အပြင်ကြောင့်ပဲ Naupaka ကို Half flower of Hawaii လို့ တင်စားခေါ်ကြပါသေးတယ်။

Naupaka ကပန်းပုံစံတင်ဆန်းတာမဟုတ်ဘဲ ပေါက်ရောက်ပုံအလေ့အထကလဲ ထူးခြားပါတယ်။ Naupaka မှာ Naupaka Kahakai နဲ့ Naupaka Kauihiwa ဆိုပြီးအမျိုးအစားနှစ်မျိုး ရှိပါတယ်။ တစ်မျိုးကတော့ ဟာဝိုင်ရီကျွန်းရဲ့ ကမ်းခြေဒေသတွေမှာပဲပေါက်ပြီး နောက်တစ်မျိုးကတော့ တောင်ပေါ်မှာပဲပေါက်ပါတယ်။

ဆန်းပြားတဲ့ပန်းတွေရဲ့ ထုံးစံအတိုင်း Naupaka မှာ  ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ပုံပြင်အကြောင်းပြောရမယ်ဆိုရင်တော့ နတ်ဘုရားမ Pele ကနေစရပါလိမ့်မယ်။ ဟာဝိုင်ရီကဒဏ္ဍာရီတွေအရတော့ Pele က လူသားတွေအတြက် မီးကိုဆောင်ကျဉ်းပေးတဲ့ နတ်ဘုရားမပါ။

လူတွေက သူ့တို့ရဲ့လူနေမှုကို အဆင်ပြေအောင် ကူညီပေးခဲ့တဲ့အတွက် Pele ကို သိပ်ကိုကိုးကွယ်ခဲ့ကြပါတယ်တဲ့။ သို့ပေသော်ငြားလဲ Pele ကစိတ်ဆိုးလာရင် မြင်မြင်ရာမီးမြိုက်တတ်တဲ့ အကျင့်ဆိုးရှိတာကြောင့် လူတွေကကြောက်လဲကြောက်ရွံ့ကြတယ်။

Pele မှာ Naupaka လို့ခေါ်တဲ့ ညီမတစ်ယောက်ရှိပါတယ်။ သူက ဟာဝိုင်အီကျွန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး အတော်လေးကိုလှပသိမ်မွေ့ပြီး ချစ်ခင်စရာကောင်းလွန်းတဲ့ မိန်းမပျိုတစ်ယောက်ပါတဲ့။

တစ်နေ့ကျ Naupaka က ကျွန်းကမ်းစပ်နားက ကျောက်ဆောင်ပေါ်မှာ ထိုင်နေရင်း Kaui လို့ခေါ်တဲ့ခပ်ချောချော ငါးဖမ်းသမားလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ Naupaka ကငါးဖမ်းသမားလေးကို သဘောတကျ ဖြစ်တာကြောင့် စကားသွားပြောရာကနေ သူတို့နှစ်ယောက် ချစ်ကြိုက်သွားကြပါတယ်။

Naupaka နဲ့ Kaui က ချောမွေ့တဲ့ချစ်ခရီးလမ်းကို လျှောက်လှမ်းရင်း နေရာအနှံ့ခရီးထွက်ခဲ့ကြပါတယ်။ တောတောင်တွေ , မြို့ရွာတွေ တော်တော်များများကို ခရီးတူတူသွားပြီး တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက်ဖြစ်တဲ့အထိ ချစ်ကျွမ်းဝင်သွားကြတဲ့အခါမှာတော့ Naupaka ကသူ့အမ Pele ဆီမှာ လက်ထပ်ဖို့ ခွင့်သွားတောင်းခဲ့ပါတယ်။

FlowersDonde viven las historias. Descúbrelo ahora