"ဆယ်ဟွန်း ဆယ်ဟွန်းးး"
"ဟ ယောက်ဖကြီး ဘာလာလုပ်တာလဲ"
အိမ်မှာပျင်းနေတာနဲ့ ဆယ်ဟွန်းတို့အိမ်ဘက်ထွက်လာပါတယ် လဒက ဘယ်ကမှန်းမသိတဲ့ဆိုင်ကယ်ကြီး ဖုန်သုတ်ရင်း အာရုံများနေပြန်သည်
"ပျင်းလို့ကွ အောင်မယ် မင်းတောင် အလုပ်တွေလုပ်လို့ပါလား ဘာလဲ မင့်အမေက ဒါလုပ်မှမုန့်ဖိုးပေးမယ်ပြောထားလို့လား"
ဆယ်ဟွန်းနားသွားကာ ဘတ်ဟျွန်း ခါးထောက်ပြီး ခပ်စွာစွာလေးပြောလိုက်တော့
"လူကိုနှိမ်တာလား ဒါကျနော့်ဆိုင်ကယ်ဗျနော် အမေဝယ်ပေးတာ"
"ဟင် တကယ်လား"
ဆိုင်ကယ်ခြေတင်ခုံသုတ်နေတဲ့ ဆယ်ဟွန်းနားလေး တိုးကာ ထိုင်လိုက်ပြီးမေးတော့
"၂ကယ် ၃ကယ်ဗျာ ကျောင်းသွားရတာကော ကျူရှင်ကော ခြေကျင်ဆို အတန်းချိန်တွေနောက်ကျမှာဆိုးလို့တဲ့ ဟီးဟီးး"
ဘတ်ဟျွန်း နောက်ဆုံးပေါ်လို့ထင်ရတဲ့ လိမ္မော်ရောင် ဖင်လုံးဆိုင်ကယ်လေးကို တခုလုံးနှံ့သွားအောင် မျက်လုံးကစား ကြည့်လိုက်ပြီး
"မိုက်တယ်ကွာ လန်ထွက်နေတာပဲ ချစ်စရာကြီးးးး "
"ဟဲဟဲ"
အိုဆယ်ပေါက်တို့ကတော့ အမြင်ကပ်ချင်စရာ ဆောင့်ကြွားကြွားအသံတွေနဲ့
"ကဲ ဒီနေ့တော့ ကျနော်မအားဘူး ဟိုဘက်ရပ်ကွက်သွားရမှာမို့"
"ဟမ် ဟုတ်လား ဒီဆိုင်ကယ်နဲ့သွားမှာလား"
"အွမ်းလေ "
ဆယ်ဟွန်းက ဆိုင်ကယ်ဦးထုပ်ကောက်ဆောင်းရင်းကနေ ပြန်ဖြေလာသည်
"ငါကော လိုက်မယ်လေ ဆိုင်ကယ်စီးချင်တယ် ငါလဲ"
ဆယ်ဟွန်းက ခေါင်းကိုခါရမ်းကာ
"နိုး နိုးးနိုးးးး ဂျုံလေးနဲ့အတူ သွားမှာမို့ လိုက်လို့မရဘူး"
"ဟာာာာ ဘာလို့လဲ"
"သူများသမီးရည်းစား အလည်ထွက်တဲ့နောက် ယောက်ဖကြီးက လိုက်ချင်နေတာလား ပြောပါဦး ဘီးဖက်လိုက်မှာလား"
YOU ARE READING
ပွေလီငရှုပ်လေးရဲ့ချစ်ရသူ
FanfictionPCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး