"ဟင့်အင် နောက်နေ့ကစပြီး သူတို့နဲ့ခေါ်တော့ဘူး သူတို့ကညစ်တယ်"

"ကဲပါ လာ အဲ့တာဆိုလည်း အိမ်ပြန်ကြစို့ အမေက ညနေစာစားဖို့စောင့်နေတာ"

"အွမ်းပါ ဟီးး"

လက်မောင်းကိုမှီတွဲကာ ခုန်ပေါက်ပြီးလိုက်လာသူကြောင့် တိတ်တခိုးပြုံးလိုက်မိသည်

ချစ်မိသွားလို့လား မသိ ဒီကလေးရဲ့ အပြုအမူတွေက ဖြူစင်လွန်းကာ အသည်တွေပင်ပြုတ်ထွက်သွားချင်လောက်အောင် အသည်းယားစရာကောင်းလွန်းလှသည်

********************

TBC

LOVE U ALL💛

လွမ်းနေကြမှာစိုးလို့😢 FICတွေကို ကြိုတွေးကြိုရေးလေ့မရှိတာမို့ ဒီနေ့အိမ်ပြောင်းတာနဲ့ ပင်ပန်းသွားလို့ အလွမ်းပြေလေးပဲ မြန်မြန်လေးရေးပြီးUPပေးလိုက်ပါတယ်✌️

"ရားးးး မင်းမညစ်နဲ့လေ"

"ဟာ ဘယ်မှာညစ်လို့လဲ အကိုကြီးလဲ မြင်နေရက်နဲ့ကို"

"မင်း ငါနော် လုပ်လိုက်ရ လူကလေး လက်တောက်လောက်နဲ့"

"ပတ်ဘတ်ဟျွန်း"

လမ်းထိပ် ကလေးတစုနဲ့ အပုံပစ်တမ်းကစားရင်း ငြင်းခုန်နေတဲ့ လင်လေးကို ပတ်ချန်းတို့ လာခေါ်ရခြင်း

ဆိုးလ်ကပြန်လာကတည်းကဆိုတာထက် သူ့အပေါ်ခံစားချက်တွေ ဝန်ခံလိုက်မိကတည်းက နဂိုထက် အော်တို၂ဆ တိုးကာ ဆိုးလာတဲ့ ဘတ်ဟျွန်း

အရင်က ဆယ်ဟွန်းနဲ့ ကလေးတချို့နဲ့သာ အခေါ်အပြောရှိပေမဲ့ အခု၂ပတ်အတောအတွင်း ရှိသမျှကလေးနဲ့ ခင်မင်ကာ ဆော့တာမှတာတေလန် သူ့ကိုယ်သူ၂၀ကျော်အရွယ် အိမ်ထောင်သည်ဆိုတာသိသေးရဲ့လားလဲမသိ

အခုလည်း သူ့လင်ကိုယ်က လယ်ကနေ မောမောပန်းပန်းအိမ်ပြန်ရောက်လာတာ အမောပြေသူ့မျက်နှာလေးမြင်ရမယ်မရှိဘူး ညနေစာစားချိန်ထိ အိမ်ပြန်မလာလို့ လိုက်ရှာခေါ်ရတဲ့အဖြစ်

တွေ့တော့လဲအခြေအနေကသိပ်မကောင်းချင် သူတခွန်းကိုယ်တခွန်းငြင်းခုံနေကြသည် တော်သေးတာပေါ့ နဲနဲစောရောက်လို့ နို့မို့ဆို ဘယ်ကလေးမိဘ ပြေးတောင်းပန်ရမလဲ မသိဖြစ်ရဦးမှာ

"ပတ်ဘတ်ဟျွန်း လာ လာခဲ့အိမ်ပြန်မယ်"

"လာပြီ မောင် ဟီးး"

ကိုယ်က ခပ်လှမ်းလှမ်းကနေပဲ လက်ယက်ကာခေါ်လိုက်တော့ သွားအဖြီးသားကြီးနဲ့ အပုံတွေကိုလက်ကြီးနဲ့ ကောက်ဆုပ်ယူပြီးပြေးလာတာမို့ နောက်က ကလေးတွေရဲ့မကျေမနပ် အော်သံတွေ ထွက်လာတော့သည်

"လွှတ် ဘတ်ဟျွန်း ပေးလိုက် အဲ့တာတွေ"

"ပေးပါဘူး ဒါတွေက ကျနော်နိုင်တာတွေ"

လက်ထဲက ပုံတွေကို ကလေးတွေကို ပေးခဲ့ဖို့ပြောတော့ အဆိုးလေးက ဘောင်းဘီအိတ်ကပ်ထဲ အတင်းထိုးထည့်ကာ နှုတ်ခမ်းဆူထော်နေလေပြီ

"မဆိုးနဲ့လေ နောက်နေ့လဲ သူတို့နဲ့ပဲ ကစားရမှာကို အခင်အမင် ပျက်ခံတော့မလို့လား"

နောက်က ကျန်ခဲ့တဲ့ ကလေးတွေဘက် လှည့်ကာ နှုတ်ခမ်းကြီးထော် မျက်စောင်းကြီးနဲ့ကြည့်လိုက်ပြီး



"အွမ်းပါ ဟီးး"



********************

TBC

LOVE U ALL💛


ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now