episode 20 zawgyi

2.2K 82 20
                                    

အရိုင်းလေ...(episode 20)
----------------------

ဦးနိုင်၏ကားကလေး အိမ်ရှေ့သို့ ထိုးရပ်လိုက်စဉ်မှာပင် အိမ်အဝဖိနပ်ချွတ်၌ လက်ပိုက်ကာ ရပ်ကြည့်နေသော အစ်ကိုကြီးကို မြင်တွေ့လိုက်ရ၍ ငယ်လေး လှိုက်ခနဲ ဝမ်းသာကာ ကြောက်ရွံ့သွားမိသည်။ မိသားစုစားဝတ်နေရေးက အစ်ကိုကြီးကို ထောက်တိုင်တစ်ခုလိုမှီနေရ၍လည်း အိမ်တွင် အစ်ကိုကြီးသည်သြဇာညောင်းသူတစ်ယောက်ဖြစ်သည်။ သို့ရာတွင်အစ်ကိုကြီးက ကိုလတ်လို နိုင်ထက်စီးနင်းမပြုတတ်။ အရာရာကိုချင့်ချိန်တွေးတော၍ နားလည်လက်ခံပေးနိုင်သူတစ်ဦးပင်။ ညီလေးငယ် ပထမဆုံး မိမိ၏ဖြစ်တည်မှုကို ရင်ဖွင့်ခဲ့သည်မှာလည်း အစ်ကိုကြီးကိုသာဖြစ်သည်။

မှတ်မိပါသေးသည်။ အစ်ကိုလတ်နှင့် လင်းယံတို့ပေါင်းပြီး ငယ်လေးကို ပထမဆုံးအကြိမ်နိုင်ထက်ပြုကျင့်တုန်းကပေါ့။ ငယ်လေး ခမျာ ရှက်ရွံကြောက်လန့်ကာ အခန်းထဲ ကြိတ်ငိုနေခဲ့ရသည်။ ဒီအဖြစ်အပျက်တွေကို မေမေ့အားတိုင်သော်လည်း မေမေက သူ့ဘက်မပါ။

"မင်းသာမနွဲ့နေရင် ဘယ်သူမှထိကပါးရိကပါးမလုပ်ဘူး၊ ကိုယ်မကောင်းပဲ ခေါင်းလိုက်မရောင်းနေနဲ့" တဲ့။ ဘယ်လောက်တောင်များ ခံပြင်းဖို့ကောင်းလိုက်သလဲ။ ညီလေးငယ် သိပ်ကိုပင်ပန်းနာကျင်ခဲ့ရသည်။ သူဘယ်လောက်တောင်များ နာကျင်နေရသည်ကို ရင်ဖွင့်ပြချင်သော်လည်း မေမေ့လိုကိုယ်ချင်းမစာနာတတ်သူနှင့် ကြုံရမည်ကို သူသိပ်ကြောက်လန့်နေခဲ့ရသည်။ အကယ်၍ အဲ့သည်တုန်းကများ အစ်ကိုကြီးသာ နားလည်မပေးခဲ့လျှင် သူစောလျှင်စွာပင် ဒီလောကကြီးနှင့် အဆတ်ပြတ်သွားမည်ထင်သည်။

ဒူးပိုက် ခေါင်းငိုက်ကာ ကုတင်ပေါ်ငိုကြွေးနေခဲ့သော ငယ်လေးကို အစ်ကိုကြီးက ကျောလေးသပ်ရင်း ထွေးဖက်ကာ " အငယ်လေး ဘာဖြစ်နေတာလဲ" တဲ့လေ။ အစ်ကိုကြီးအသံက တိပြတ်သော်လည်း ညီလေးငယ်ကို နွေးထွေးသွားစေသည်က အမှန်ပင်။ ညီလေးငယ် စိတ်အားငယ်နေသည့်အချိန်တိုင်း အစ်ကိုကြီးက အားပေးမြဲဖြစ်၍ ဒီတစ်ကြိမ်လည်း အစ်ကိုကြီးအပေါ် သူယုံကြည်နေခဲ့မိသည်။

သူခေါင်းတစ်ရမ်းရမ်းခါရင်း အစ်ကိုကြီးလက်အတွင်းမှရုန်းထွက်သော်လည်း အစ်ကိုကြီးကမေတ္တာအပြည့်ဖြစ် ထွေးထွေးညှစ်ကာဖက်ထားလေသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 01, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Donde viven las historias. Descúbrelo ahora