episode 1 unicode

19.1K 325 2
                                    

- ငယ် - နှောင်း (episode 1)
------------–-------------

ခပ်ပြင်းပြင်း ဝီစကီတစ်ငုံရဲ့ ပူဝေမှုများကြားမှ အမှတ်တမဲ့ မြင်တွေ့လိုက်ရသော  သူ့ဟန်ပန်ကြောင့် ညီလေးငယ် ထွေရီဖို့ မေ့မြောသွားသည်ဟု ပထမဆုံးဝန်ခံရမည်။

သူ့ မူဟန်က တစ်မျိုးလေးပါ။

အရှေ့က စားပွဲတန်းရှည်ကြီးပေါ်ကို တံတောင်နှစ်ဖက်ထောက်ကာ လက်ဖဝါးနှစ်ဖက်ကို ယှက်၍ ခပ်မှိုင်မှိုင်လေးထိုင်ရင်း ဘယ်ဘက်လက်သူကြွယ်တွင် ဝတ်ဆင်ထားသော မောင်းကွင်း လက်စွပ်လေးကို ညာဘက် လက်ညိုးလက်မဖြင့် ပွတ်သပ်လှည့်လည်ကစားနေပေသည်။ ကျီးကန်းတောင်းမှောက် ဟိုသည်ဝေ့ဝဲကြည့်ရင်း သူကတစ်ခုခုကိုစူးစမ်းနေသည့်ပုံစံမျိုးလေး။ မဟုတ်သေးဘူး ဒီဘားရဲ့ အတွင်းဘက်ပြင်ဆင်မှုတွေက စိတ်ဝင်တစား စူးစမ်းရအောင် အဆန်းတကြယ်ခမ်းနားမနေပါ။ ပေနှစ်ဆယ်လောက်သာကျယ်မည့် ဒီအခန်းအတွင်း တစ်ဖက်ခြမ်းတွင် စားပွဲဝိုင်းသေးသေးလေးတွေကို ထိုင်ခုံနှစ်လုံးလောက်ဖြင့် ဝိုင်းဖွဲ့ထားသည့် နေရာသုံးလေးခုနှင့် ဒီဘက်ခြမ်းတွင်တော့ ဘားကောင်တာသာ ရှိသည်။ ခြောက်ဆယ်ဝပ်မီးလုံးများသာ ထွန်းညှိထားသည့် ရိုးရှင်းလှသော ဒီဘားအတွင်း သူအ​ကြည့်များ ဝေ့ဝဲလှုပ်ရှားနေသည်က စိတ်ယောက်ယက်ခက်နေ​​ခြင်း မှလွဲ၍ တစ်ခြားမဖြစ်နိုင်ပေ။ သူ့ရဲ့ ယောက်ယက်ခက်နေသည့် အကြည့်တွေကပဲ ညီ​လေးငယ် ကို အချိန်အတော်​ကြာငေးနေမိအောင် ဖမ်းစားသွားသည်ဟု ဆိုကြပါစို့။

မှိုင်းနေသည့် သူ့မျက်ဝန်းများကို ဘေးနှုတ်ခမ်းသားများကျုံ့သွားသည်အထိ ဖိမှိုတ်ပစ်လိုက်သည့်အချိန်တွင်တော့ အားမလိုအားမရဖြစ်စွာပင် ညီလေးငယ်၏ မျက်မှောင်ပါ အလိုက်သင့်ကျုံ့သွားရသည်။ သူဘာတွေများ စိတ်တွေရှုပ်ထွေးနေရတာလဲကွယ်။

ပြောင်လက်တောက်ပနေသောသူ့နဖူးပြင်သည် ငယ်ထိပ်အတွင်းပိုင်းတိုင်အောင် ရှင်းလင်းနေပေ၏။ ဆံသားများကလည်း အတွင်းပိုင်းဦးရေပြားများ ပေါ်လွင်နေသည်အထိ အင်မတန်အားနည်းသည်ဟုဆိုရမည်။ ထိုသည်ကပင် သူ့ဥပဓိရုပ်ကို ပိုမိုခန့်ညားနေစေသည်ဟု ညီလေးငယ် စိတ်ထဲ မှတ်ထင်မိပါ၏။ ဦးရေပြားနှင့် ကပ်နေသော ခပ်ပါပါးဆံသားများကို သူကတစ်ချက်ဖိပွတ်ရင်း သက်ပြင်း ရှည်ရှည်ချလိုက်သည်။ သူ့ကိုကြည့်ရင်း ညီလေးငယ်ခင်မျာ အရမ်းစိတ်အိုက်ရတာပါပဲ။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Unde poveștirile trăiesc. Descoperă acum