episode 5 unicode

2K 113 6
                                    

- ငယ် - နှောင်း episode 5
-----------------------

ပြာရီမှုန်မှိုင်းစွာဖြင့် အိမ်အတွင်းသို့ဝင်လာသည့် သူ့ခြေလှမ်းနောက်တွင် စိတ်ဆန္ဒတစ်ခုလုံး ကပ်ပါမလာသည်ကို ဦးမင်းနိုင်သတိပြုမိသည်။ စိတ်နှင့်ကိုယ်သည် သီးခြားဆီတည်ရှိနေသလို ခံစားနေရသည်။ ကိုယ်နှင့်သီးခြားဆီတည်ရှိနေသော သူ၏စိတ်သည်လည်း အလျင်လို ထုံထိုင်းလေးလံ၍မနေ လတ်ဆတ်၍နေသည်။ လန်းဆန်း၍နေသည်။ မှန်ပါသည်။ ပထမဆုံးထိတွေ့ခံစားဖူးသည့် ယောက်ျားလေးတစ်ယောက်၏ အနမ်းအောက်တွင် သူသာယာမှုအသစ်အဆန်းတစ်ခုကို ရရှိခဲ့ပါသည်။

ထိုသာယာမှုကိုလည်း ချယ်ရီထံမှရသော သာယာမှုများနှင့် ရိုင်းစိုင်းစွာ နှိုင်းယှဥ်ကြည့်လိုက်မိသည်။ ဟင့်အင်း နှိုင်းယှဥ်ရန်အတွက်ပင် ချယ်ရီပေးသော သာယာမှုကို ရှာမတွေ့။ ချယ်ရီကရော သူ့အပေါ် ဘယ်တုန်းကများသာယာမှုပေးစွမ်းနိုင်ခဲ့လို့လဲ။ မဟုတ်သေးဘူး....ကိုယ့်ဇနီးတစ်ဦးကို အခြားသူစိမ်းတစ်ယောက်နှင့် သာယာမှုခြင်းနှိုင်းယှဥ်စရာလိုလို့လား။ သူ့အတွေးတွေက ဖောက်ပြန် ယုတ်မာနေပါပြီ။ အို မဟုတ်သေးပါဘူး.... ။ ဒီသာယာမှုလောက်နှင့်တော့ သူ့စိတ်အခြေအနေကို ဖောက်ပြန်သည်ဟု မစွတ်စွဲရက်ပါဘူး။ ရှေ့ဆက်ပြီး လွန်လွန်ကျွံကျွံမဖြစ်လျှင် ပြီးရောမဟုတ်လား။

"ရှင် အိပ်ခန်းထဲဝင်မလာနဲ့...."

ထွေရီမူးဝေနေမှုများအားလုံးသည် ချယ်ရီ၏ ခက်ထန်စူးရှသောအသံပြာကြီးအောက်တွင် ပြားပြားဝပ်ဆင်းသွားလေတော့သည်။

သူ့လွတ်လပ်ခွင့်ကို နားလည်မှုမပေးနိုင်သော ဇနီးသည်ချယ်ရီအား မျက်နှာသေကြီးဖြင့် ဦးမင်းနိုင်စိုက်ကြည့်လိုက်သည်။ တော်တော်ကွာသည်။ ညီလေးငယ်ကဲ့သို့ ညင်သာနူးညံ့သော ကြင်နာမှုအရိပ်အယောင်များ ချယ်ရီ့မျက်နှာပေါ်တွင်ရှာမတွေ့။ အို...ဒီအတွေးရိုင်းကြီးတွေက ဝင်လာနေပြန်ပါပြီ။ ထိုအတွေးရိုင်းများကြားမှ ဦးမင်းနိုင်အားကုန်ရုန်းကန်ထွက်ဖို့ ကြိုးစားလိုက်ရသည်။

လေးတိလေးကန်ခြေလှမ်းများကို သူစတင်လှမ်းလိုက်သည်နှင့် ဗြုန်းခနဲဆို ချယ်ရီ့လက်ဖဝါးသည် သူ့ရင်ဘက်ပေါ်သို့ ကြမ်းတမ်းစွာကျရောက်လာပါသည်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now