episode 8 unicode

2K 105 1
                                    

အရိုင်းလေကလေး နွေးလှသည်....(episode 8)
---------------------------------------

- ငယ် - နှောင်း

မိန်းမတစ်ယောက်၏ လိုချင်တပ်မက်မှု ဆန္ဒအတိမ်အနက်ကို ရိပ်စားမှုမရှိတတ်သော သူသည် အချစ်ဆိုသည့်ဝေါဟာရအပေါ်  ထားရှိသော မိန်းမတစ်ယောက်၏ စိတ်နေသဘောထားကိုတော့ နားမလည်နိုင်ဆုံးဖြစ်သည်။  မိန်းမတစ်ယောက်၏အချစ်ဆိုသည်က သူမတို့မွေးရာပါဗီဇအလျောက် သတ်မှတ်ထားသည့် စံနှုန်းနှင့်တိုက်ရိုက်အချိူးကျနေလိမ့်မည်ဟု ဦးမင်းနိုင်ထင်ပါသည်။ သူမတို့သတ်မှတ်ထားသည့် စံနှုန်းနှင့် ယောက်ျားတစ်ယောက်ကို ချစ်နိုင်မချစ်နိုင်တိုင်းတာကျသည်။ သူမတို့ချစ်နိုင်သည့် ယောက်ျားနှင့် လက်ထပ်နိုင်သည့် ယောက်ျားများကလည်းမတူတတ်ပေ။

မိန်းမတစ်ယောက်၏ အချစ်အပေါ်ခံယူချက်တွင် ဘဝတစ်ခုလုံးထိုးအပ်လိုက်ရသည်ဟူသော အတ္တဆွဲလေးပါရှိနေကာ သူတို့ဝကွက်အပ်လိုက်ရသော ဘဝအတွက် အချစ်အပေါ်တန်ရာတန်ကြေးအမျှ ကြိုးကိုင်လိုစိတ်များရှိကြသည်။ ထိုအတ္တစွဲကလေးကြောင့်ပဲ မိန်းမအတော်များများဟာ ယောက်ျားတစ်ယောက်ရဲ့ စိတ်ဆန္ဒများကို လစ်လျူရှူတတ်လာကြသည်။ တကယ်တော့ ယောက်ျားတစ်ယောက်ရဲ့ နားလည်မှုဆိုတာ အနိုင်ကျင့်ချင်စရာကောင်းတဲ့ အရာဝတ္တုပစ္စည်းတစ်ခုမှမဟုတ်တာ။

Express ကားပေါ်မှ လှမ်းကာလက်ပြနှုတ်ဆက်နေသော သားကလေးကိုကြည့်ရင်း လွမ်းဆွတ်သလိုခံစားရပေမဲ့ ဦးမင်းနိုင်ရင်ထဲ သူမတူအောင် လွတ်လပ်ပေါ့ပါးနေပါသည်။ မနက်ခင်းများစွာကို မွန်းကြပ်မှုကင်းကင်းနဲ့ သူနိုးထနိုင်တော့မည်။ ချည်နှောင်မှု လျော့ရဲသွားသော ချည်တိုင်လေးမှ သူအနည်းငယ်ရုန်းထွက်ခွင့်လေး ရတော့မည်။ သားကလေးကို လွမ်းဆွတ်တမ်းတနေရမည်မှအပ သူ့အတွက်အရာအားလုံးကအဆင်ပြေပြေရှိနေမည်ဟု ဦးမင်းနိုင်တစ်ထစ်ချယုံကြည်နေမိသည်။

မလျှောက်သင့်တဲ့လမ်းမှန်းသိပေမဲ့ သာယာပျော်ရွှင်မှုတွေကို ထိုလမ်းကဆောင်ကျဥ်းပေးမည်ဆိုပါစို့ ကျွန်တော်တို့ ဘာဆက်လုပ်သင့်သလဲ။ ဝေခွဲရခက်လှစွာပင် အမိုက်မှောင်ဟု မဆိုရက်သော ထိုလမ်းလေးအပေါ် ဆက်လျှောက်လှမ်းရန် ဦးမင်းနိုင်အားပြုနေမိသည်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now