အရိုင်းလေကလေး နွေးလှသည်(episode 10)
==============================ပတ်တီးစည်းပြီးနောက် လက်ကိုသက်တောင့်သက်သာရှိမရှိ ကွေးဆန့်ကာလှုပ်ရှားလိုက်သည်။ မဆိုးဖူးပဲ ချုပ်ရိုးမသေပ်လှသည်မှလွဲ၍ ကျန်တာအကုန်အဆင်ပြေပါသည်။
"ဉီးနိုင်က သိပ်အသည်းငယ်တတ်တယ်နော်....."
ညီလေးငယ်၏အမေးကို ဉီးနိုင်ကချက်ချင်းမဖြေ။ တစ်ရှူးစတစ်ရွက်ကိုထုတ်ကာ နဖူးစပ်မှဇော်ချွေးများကိုသုတ်ဖယ်နေလေသည်။
" ငယ်လေးနာမှစိုးလို့ပါကွာ....."
ကျေနပ်စွာပင် လှိုက်ခနဲတစ်ချက်ပြုံးရယ်မိသွားသည်။
" ညီ့ကို ဉီးနိုင်ကသိပ်ဂရုစိုက်တာပဲလား...."
ဆတ်ခနဲ တစ်ရှူးစအား အမှိုက်ပုံးထဲလွှင့်ပြစ်ပြီးနောက် ဉီးနိုင်၏ ဝေမှုန်မှုန်မျက်ဝန်းများက သူနှင့်အကြည့်ချင်းလာဆုံသည်။ ပြာလဲ့နေသော အဲ့သည်မျက်ဝန်းအတွင်း မပီမသဝိုးတဝါး ရောင်စဉ်လေးတစ်ခုကို ညီလေးငယ်အကဲခတ်မိပါသည်။ ချစ်ခင်စွဲလန်းမှုဟု ကောက်ချက်ချနိုင်လောက်အောင်ထိ အရောင်မရင့်သေးသည့် ရောင်စဉ်လေးတစ်ခုပါ။ အလျင်ကထင်မြင်ခဲ့ဖူးသော ချစ်မေတ္တာအရိပ်အယောင်များက အနည်ထိုင်သွားသလိုပင်။
ဉီးနိုင် ညီ့ကိုဘယ်လိုမျိုးသဘောထားနေတာလဲကွယ်။" ဂရုစိုက်တာပေါ့ကွ....."
ဉီးနိုင်အကြည့်များ လွှဲသွားပြန်သည်။
" ဘာကြောင့် ဉီးနိုင်အနားမှာ ကျွန်တော့်ကိုရှိနေစေချင်တာလဲ....."
ဗြုန်းခနဲ မေးလိုက်သောမေးခွန်းကြောင့် ဉီးနိုင် အနည်းငယ် အံ့သြထိတ်လန့်ကာ အဖြေရကြပ်သွားမှာပဲဟု ညီလေးငယ်ကမျှော်လင့်ထား၏။ သို့ရာတွင် ဉီးနိုင်အဖြေရမကြပ်ပဲ သူ့အားမေးခွန်းပြန်မေးလိုက်သောအခါ တကယ်တမ်းအံ့သြထိတ်လန့်သွားရသူမှာ ညီလေးငယ်သာဖြစ်လေသည်။
" ကျွန်တော် အမှန်အတိုင်း ပြောရမှာလား...."
ဘုရားရေ....ညီက မုသားတွေကိုလက်ခံပေးသူဟု ဉီးနိုင်ကထင်နေသလားကွယ်။ တကယ်ပါ ဉီးနိုင်၏သံယောဇဉ်အပေါ် သံသယစိတ်ကလေးဝင်လာမိသည်။
ВЫ ЧИТАЕТЕ
အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)
Художественная прозаအချစ်ကြောင့် လူကျင့်ဝတ်များ ဖောက်ဖျက်မိသောအခါ