episode 19 unicode

1.2K 88 3
                                    

အရိုင်းလေ.... episode (19)
-----------------------

နိုးထလာသော နံနက်ခင်းလေးသည် ခါတိုင်းထက် ပိုသာယာလွန်းသည်ဟု ငယ်လေးဝန်ခံရမည်။ ဦးနိုင်၏လက်မောင်းပေါ် ခေါင်းကလေးတင်၍ ရင်ခွင်အားမျက်နှာအပ်ထားခွင့်ရသော အနေအထားတစ်ရပ်သည် ငယ်လေးကိုလွန်စွာမှ ကြည်နူးမှုပေးစွမ်းနိုင်ပေသည်။ အဝတ်ကင်းမဲ့နေသော  ဦးနိုင်၏ ခပ်ကျယ်ကျယ်ရင်အုပ်ပေါ်သို့ ပါးကပ်ကာ ခပ်ဖွဖွပွတ်သပ်ရင်း ချက်ကလေးကို လက်ညိုးဖြင့်တို့ထိကစားနေမိသည်။ ထိုသို့ပွတ်သပ်တို့ထိကစားနေရာမှ ညီလေးငယ်စိတ်ထဲနောက်ဆံအနည်းငယ်တင်းလာသည်။ မမချယ်ရီမျက်နှာကို မြင်ယောင်လာသည်။ မမချယ်ရီသည်လည်း ဒီရင်ခွင်ပေါ် ဒီလိုခေါင်းမှီပြီး ကြည်နူးဖူးခဲ့လေစွဟု တွေးလိုက်မိသည့်အခါ တွန့်ဆုတ်သွားမိသည်။ ကိုယ်လိပ်ပြာကိုယ်မလုံသလို ဦးနိုင်၏ဝမ်းဗိုက်ပေါ်မှ လက်ဖဝါးကိုပြန်ရုတ်လိုက်ရသည်။ ခေါင်းအောက်မှ ဦးနိုင်၏ လက်မောင်းကိုတွန်းဖယ်လိုက်သည့်အခါ ပတ်လက်အိပ်နေသော ဦးနိုင်က သူ့ဘက်လှည့်လာပြီး ပွေ့ဖက်သည်။ မျက်လုံးကလေးမပွင့်ပဲ မှိန်းနေသော ဦးနိုင်၏ မျက်နှာကို ရှူစားရင်း ပြည့်ဖောင်းဖောင်းနှုတ်ခမ်းလေးကို နမ်းရှိုက်ချင်သည့် အာသီသပြင်းပြလာသည်။ ထိုအခါ မမချယ်ရီ၏မျက်နှာက အတွေးထဲပေါ်လာပြန်၏။ ဘယ်တော့မှ မိတ်ဆွေတစ်ယောက်လို သဘောမထားခဲ့သော မမချယ်ရီက ခုလည်းသူ့အား ခက်ထန်မာကျောစွာစိမ်းစိမ်းကားကားကြည့်နေပြန်သည်။

အို...ခက်လှချည်ရဲ့ကွယ်။ ညီလေးငယ်မျက်လုံးစုံမှိတ်ကာ ခေါင်းငိုက်စိုက်လိုက်သည်နှင့် ဦးနိုင်က နဖူးကိုခပ်ဖွဖွလေး နမ်းလာ၏။ နောက်ဆံတင်းနေမှုများကို ပြေပျောက်သွားစေသည့် အနမ်းမျိုးလေးပါ။ ညီလေးငယ် သိပ်ကိုနွေးထွေးသွားရသည်။

" နိုးပြီလား ငယ်လေး...."

တိုးဖွဖွအသံလေးပြုလာသော်လည်း ဦးနိုင်၏ မျက်လုံးများကမပွင့်သေး။ နှုတ်ခမ်းကလေးကလည်း တစ်ခုခုကိုတောင်းဆိုနေဘိသကဲ့သို့ ရှေ့သို့အနည်းငယ်စူနေသည်။ ငယ်လေးသည် ဆက်သည်းမခံနိုင်တော့ပဲ ဦးနိုင်၏ နှုတ်ခမ်းကလေးကို ရှိုက်နမ်းပစ်လိုက်သောအခါ ထိုနှုတ်ခမ်းက အပြုံး​ေရာင်သန်းသွား၏။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Donde viven las historias. Descúbrelo ahora