epiaode 6 (unicode)

2.3K 123 10
                                    

- ငယ် - နှောင်း (episode 6)
-------------------------

နဖူးစပ်ထိလျောကျနေသော ခပ်ပါးပါးပျော့ပျော့ဆံကေသားကြားမှ သနားချင့်စဖွယ်မျက်နှာခပ်သွယ်သွယ်နှင့် အဲ့ဒီကောင်လေးဟာ သူ့စိတ်ရဲ့ထွက်ပေါက်တစ်ခုဖြစ်လာလိမ့်မည်ဟု ဦးမင်းနိုင်ဘယ်တုန်းကမှ မတွေးထင်ခဲ့ဖူးပေ။ အသက်ဆယ်နှစ်မျှကွာဟချက်ရှိနိုင်သည့် ငယ်လေးသည် မှောင်မိုက်နေသော သူ့နှလုံးသားအတွက် မီးအိမ်သဖွယ်တည်ရှိနေသည်။ သေးချွန်သည့် နှာတံအခြေမှ မပိမရိလှုပ်ရှားတတ်သော သူ့နှုတ်ခမ်းပါးကလည်း လေးလံနေသော ဦးမင်းနိုင်စိတ်များကိုဖြေလျော့ပေးနိုင်သည့် စကားလုံးများထွက်ကျလာတတ်သည်။ ရွှန်းစိုနူးညံ့သော သူ့မျက်ဝန်းသည် ချယ်ရီ့မျက်ဝန်းများနှင့် မည်သို့မျှ မသက်ဆိုင်အောင်အထိ ကြင်နာမှုအတိပြည့်နှက်နေသည်။

ဦးမင်းနိုင်သည် ယခုမှခင်စရှိသော ငယ်လေး၏မျက်နှာကို မျက်လုံးအတွင်းမှမထုတ်နိုင်။ ငယ်လေးပြောသော ကိုယ်ချင်းစာစကားသံများကိုလည်း နားထဲမှ ဖယ်ရှား၍မရ။ ပထမဆုံးခံစားထိတွေ့ဖူးသည့် ယောက်ျားလေးတစ်ယောက်၏အနမ်းကလည်း ဇနီးသည်ထက်ပင် ပို၍တွယ်တာစရာကောင်းနေ​​ပြန်သည်။ ထိုအနမ်းကိုလက်ခံရရှိပြီးနောက်ပိုင်း အလျင်ကမျှော်လင့်ခဲ့ဖူးသော ဇနီးသည်ချယ်ရီ၏ ပြုစုကြင်နာမှုများကိုလည်း တောင့်တမိသည့် ဆန္ဒများကခမ်းခြောက်လာသည်။ တကယ်တော့ ချယ်ရီက ခင်ပွန်းကိုပြုစုယုယနေသည်မှမဟုတ်တာ။ သူ့စိတ်သဘောကျ ထိန်းချုပ်ပဲ့ကိုင်နေသည်ဟုသာ ဦးမင်းနိုင်ကမြင်သည်။

"ကိုနိုင်...အဲ့ဒါကဘယ်လိုပုံစံဖြစ်ရပြန်တာတုန်း...."

အပြစ်တင်ရန် စကားဦးသန်းလာသော ချယ်ရီ့အသံကြောင့် ကိုယ်လုံးပေါ်မှန်တွင် သူ့ကိုယ်သူ ပြန်အကဲခတ်လိုက်သည်။ ဘာမှထူးခြားခြင်းမရှိပါ။ လူငယ်တစ်ဦးလို ပေါ့ပါးချင်၍ ရှပ်အင်္ကျီလက်တိုနှင့် ဘောင်းဘီတို ဝတ်ထားသည်က ချယ်ရီ့မျက်စိထဲ ဘာများထူးဆန်းနေသနည်း။

"ဘာဖြစ်လို့လဲ ချယ်ရီ...."

"အို...ကိုယ်ကဆရာဝန်လေ လူရိုသေရှင်ရိုသေဖြစ်အောင်တော့ဝတ်စားရမှာပေါ့....၊ ဒီလိုဘောင်းဘီတိုနဲ့ အမြင်သင့်မလား...."

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Unde poveștirile trăiesc. Descoperă acum