epsidoe 13 unicode

1.6K 94 27
                                    

အရိုင်းလေကလေး episode(13)
--------------------------

အိမ်ပြန်ပို့ပေးရတော့မည်ဟူသော အသိစိတ်တစ်ခုတည်းဖြင့်ပင် ဦးနိုင်စိတ်မကောင်းခြင်းကြီးစွာဖြစ်နေသည်။ အမှန်ဆို ဒီတစ်ရက်တော့ ငယ်လေးကို အနားနားမှ ထပ်ရှိနေစေချင်သည်။ သို့သော်လည်း ငယ်လေး၏ ကိုကြီး အိမ်ပြန်ရောက်နေပြီလားမသိဘူး ဆိုသည့် စကားတစ်ခွန်းတည်းဖြစ်ပင် သူ့ဆန္ဒများကို ဥိးနိုင်ချိုးနှိမ်လိုက်ရသည်။

ငယ်လေးက သူ့အစ်ကိုကြိးအပေါ် တအားတွယ်တာ၍ ချစ်လွန်းသူမှန်း သတင်းကြားကြားခြင်းပင် ဖြစ်ပေါ်သွားသော ရွှင်မြူးဝမ်းသာသွားမှုနှင့် အားတက်သရော စကားများကြားတွင် မြင်တွေ့နိုင်ပါသည်။

" မင်း ကိုတွေ့ချင်နေတဲ့သူတစ်ယောက် အိမ်ရောက်နေတယ်၊ မြန်မြန်ပြန်လာ..." တဲ့

ငယ်လေးခင်မျာ ကိုငယ်ထံမှ ထိုစကားကြားကြားခြင်းမှာပင် အစ်ကိုကြီးသာဖြစ်မည်ဟု တစ်ထစ်ချယုံကြည်စွာဖြင့် နေမထိထိုင်မသာ အိမ်ပြန်ချင်ဇောများတဖွားဖွားပေါက်လာသည်။ ဖုန်းကိုချချပြီးခြင်း နေရာမှ ငယ်လေးထသည်။ လက်နှစ်ဖက်နှင့်ဖုန်းကိုဆုပ်ကိုင်ကာ ကလေးတစ်ယောက်လို ခြေတစ်ပေါင်ကျိုးလေးထောက်လျက် မျက်နှာမူရာသို့ပြေးသွားသည်။ ပြီးနောက်လှစ်ခနဲ ပြန်ပြေးလာပြီး ဥိးနိုင်၏ဘေးတွင် ဗြုန်းခနဲပြန်ထိုင်ချ၏။ ထို့နောက် သူများနားမထောင်ချင်မှန်းမသိ အစ်ကိုကြိးအကြောင်းကို အားပါးတရ ကရားရေလွှတ်ပြောတော့သည်။

အူမြူးနေသော ငယ်လေးကိုကြည့်၍ ဥိးနိုင်သည် အစ်ကိုကြီးဆိုသူကိုမနာလိုဖြစ်ချင်လာသည်။

အားတုံ့အားနာဖြင့် ငယ်လေးကအိမ်ပြန်ပို့ပေးရန်မတောင်းဆိုသော်လည်း အိမ်ပြန်ချင်နေမှန်း ဥိးနိုင်သိသည်။ အမှန်အတိုင်းဝန်ခံရလျှင် ငယ်လေးကိုအိမ်ပြန်မပို့ချင်သေး။ ရတောင့်ရခဲတွေ့ဆုံချိန်လေးအတွင်း သူ့အနားမှလွဲ၍တစ်ခြားသူအနားပျော်နေသည်ကို ဥိးနိုင်ဘယ်လိုနည်းနဲ့မှလက်မခံနိုင်။ ကိုယ့်ချစ်သူအပေါ် ဒိအတိုင်းအတာလောက်ထိတော့ သဝန်တိုခွင့်ရှိတယ်မဟုတ်လား။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now