episode 16 zawgyi

1.3K 70 1
                                    

အရိုင်းလေကလေး (episode 16)
---------------------------

အခန်းတွင်း လင်းယံရဲ့အငွေ့အသက်တွေလွှမ်းခြုံနေသည်က ညီလေးငယ်စိတ်ကိုတော်တော်လေး အနေရကြပ်စေပါသည်။ တိုးလို့တွဲလောင်း အဝတ်များကြားထဲမှအောင့်သက်သက်အနံ့များကလည်း လှိုင်ခနဲဖြင့် အခန်းတစ်ခုလုံးမွန်းကြပ်လွန်းလှသည်။ ပြတင်းတံခါးကိုဖွင့်ပြီး ပန်ကာကိုဖွင့်လိုက်ကာမှ စိတ်ထဲအနည်းငယ်ပေါ့ပါးသွားရသည်။ သို့သော်လည်း ဒီအခန်းထဲမနေလိုသည့် စိတ်ဆန္ဒများကပြင်းပြလာ၍ ကုတင်ခြရင်းနားပုံလျက်ကျနေသော အတွင်းခံဘောင်းဘီနှင့် ပုဆိုးကို အဝေးသို့ဆောင့်ကန်ထုတ်လိုက်ပြီး ဧည့်ခန်းသို့ထွက်မည်အပြု အပေါက်ဝ၌လင်းယံနှင့်တည့်တိုးဆုံမိပြန်သည်။

" အော် ပြန်ရောက်နေပြီပေါ့...."

ခပ်တင်းတင်း မျက်စောင်းခဲကာ လင်းယံကိုကျော်၍အခန်းပြင်သို့ထွက်ရန်အားပြုလိုက်သည်။

" ဘာလဲ သူ့မိန်းမပြန်လာလို့လား....."

ညီလေးငယ် ရင်ထဲပြည့်တင်းကြပ်ကာ မောပန်းနွမ်းနယ်သလိုဖြစ်သွားသည်။အနေအထိုင်ပိရိလှသော်လည်း ဒီအကြောင်းတွေကို လင်းယံက ဘယ်လိုသိနှင့်သွားသနည်း။ ခြေမကိုင်မိ လက်မကိုင်မိဖြင့် တွန့်ဆုပ်ကာ အပြင်သို့လှမ်းနေသောခြေလှမ်းများက နောက်ပြန်လှည့်သွားရသည်။

လင်ယံထံမှ ဒီအကြောင်းတွေဆက်ပြန့်သွားလို့မဖြစ်မှန်း ရိပ်မိလိုက်သည်နှင့် တည်ထားသော မျက်နှာပေးက အနည်းငယ်အပြုံးရိပ်လွှမ်းသွားသည်။ အလျင်လို ခေါင်းကြောမာမာဖြင့် ဘာကိုမှတစ်စောက်ကန်းလုပ်ဖို့ ညီလေးငယ်စိတ်မကူးရဲတော့။ သူ့ဘက်ကြည့်လျှင် ကျောသာရှိသော်လည်း ဦးနိုင်ခင်မျာ မိသားစုနှင့် ဂုဏ်နှင့်ဒြပ်နှင့် အသိုင်းအဝိုင်းနှင့်။ ဒါတွေကို ညီလေးငယ်ငဲ့ကွက်သင့်သည်မဟုတ်လား။

" ကိုလင်းယံက ဘာတွေသိထားလို့လဲ...."

လင်းယံ၏ခပ်ပါးပါးမျက်ခုံးကလေးသည် ပင့်တက်သွားပြီး ခစ်ခနဲ ရိသဲ့သဲ့မချိပြုံးလေးပြုံးလာသည်။ အလျင်ကဆိုဒီလိုပုံစံမျိုးနှင့်ဆက်မျက်နှာချင်းမဆိုင်ပဲ ထွက်သွားမိမှာဧကန်ပင်။ သို့ရာတွင် ခုချိန်တော့အရာအားလုံးကိုချိုးနှိမ်ထားရမည်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now