episode 12 unicode

1.7K 92 4
                                    

အရိုင်းလေကလေး (episode 12)
-----------------------------

ပန်းသွေးကလေးများ ဖြာနေသည့် အဲ့သည်ပါးပြင်ကလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း ကျေနပ်နှစ်သက်ရတဲ့အရသာကို တစ်သက်လုံးလိုချင်လိုက်တာ။ သည်မျက်နှာကလေးကို ငေးကြည့်နေရလျှင်ဖြင့် ဦးမင်းနိုင်ခင်မျာ ဘာကိုမှအာရုံမရနိုင်ပဲရှိနေသည်။

ငယ်လေးကိုဘာကြောင့်များချစ်မိတာလည်း မေးလာခဲ့လျှင် ဦးမင်းနိုင်ခင်မျာ အဖြေရတော်တော်ခက်ပါတယ်။ တကယ်တော့ အချစ်ဆိုတာ သက်သေအထောက်အထားတွေနဲ့ အဆိုတင်သွင်းရတဲ့ တရားခွင်က ဆုံးဖြတ်ချက်မျိူးမှမဟုတ်ပဲ။ အချစ်ဆိုတာ ကိုယ့်စိတ်ခံစားချက်တစ်ခုတည်းရဲ့ဆုံးဖြတ်ချက်မဟုတ်လား။ ဒီလိုဆိုပြန်တော့ အိမ်ထောင်သည် အမျိုးသားတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို ခုလိုလွယ်လွယ်ကူကူချစ်လာနိုင်သလားဟု ဒွိဟတွေနဲ့ဝေခွဲရခက်သွားလိမ့်မယ်။ သူ ငယ်လေးအပေါ် လွယ်လွယ်ကူကူချစ်ခဲ့မိခြင်းမဟုတ်ပါ။ သူ့စိတ်ခံစားချက်အလိုကို အချိန်တော်တော်ကြာ သုံးသပ်ခဲ့ပြီးပြီဖြစ်သည်။

ဒါဆိုရင် အချစ်ကပြောင်းလဲတတ်တဲ့ သဘောရှိတာပေါ့။ ဟင့်အင်း ဒါကိုတော့သူလက်မခံပါ။ အချစ်ကမပြောင်းလဲတတ်ပါ လူ့စိတ်သဘောသဘာဝသာ ပြောင်းလဲနေခြင်းဖြစ်သည်။ အလျင်က ချယ်ရီကိုချစ်သလားဟု မေးခဲ့လျှင် ချစ်တယ်ဟုသာ သူရဲရဲကြီးခေါင်းညိတ်ဖြေလိမ့်မည်။ ခုချိန်မျိုးတွင်တော့ ထိုအဖြေကိုပြန်ဖြေဖို့ ဆုံးဖြတ်ချက်တွေဝေဝါးနိုင်သည်။ ခုချိန် သူ့အတွေးထဲ ချယ်ရီကိုချစ်ခဲ့ဖူးလျှင် ချစ်ခဲ့ဖူးလိမ့်မည်ဟုသော ယောင်ယောင်ဝါးဝါးအရိပ်ထင်နေပါသည်။ အလျင်လိုမသေချာတော့....။ ဒါသည်က အချစ်ကပြောင်းလဲသွားချင်းသဘောကြောင့်မဟုတ်ပါ။ ကိုယ့်စိတ်ဆန္ဒက ပြောင်းလဲသွားချင်သာဖြစ်လေသည်။ ဒါဖြင့် ချယ်ရီကိုမသနားဘူးလားဆိုလာပြန်လျှင်တော့ ဒီမေးခွန်းအား သူချယ်ရီကိုပြန်မေးဖြစ်လိမ့်မည်ထင်သည်။ သူချယ်ရီကိုမသနား သို့သော်လည်း ငဲ့ညှာမိပါသည်။ ငဲ့ညှာသည်ဆိုခြင်းမှာလည်း နှစ်ရှည်လများအတူနေလာသည့် သံယောဇဥ်တစ်ခုကြောင့်သာ ဖြစ်ပါသည်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now