******************

"ဒီအိမ်ပဲ မောင်ရင်"

"ဟုတ်ကျေးဇူးပါဦး ဒီမှာဗျ ကားခ"

Taxiပေါ်က ဆင်းကာ လိပ်စာအတိုင်းအိမ်နံပါတ်ကို ကြည့်လိုက်တော့ ကိုယ့်ရှေ့က ခမ်းခမ်းနားနား တင့်တယ်နေတဲ့ သုံးထပ်တိုက်ကြီး

"ဒီအိမ်ပဲဖြစ်မှာပါ ငရှုပ်တို့အိမ်က"

ခြံနားကိုသွားခါ ခြံတံခါးဝမှာ တပ်ထားတဲ့ လူခေါ်ဘဲလ်ကို နှိပ်လိုက်တော့ တယောက်မှ ထွက်မလာ တခါနှိပ်လဲမရ ၂ခါနှိပ်လဲမရတဲ့နောက် လူဝင်ပေါက်ကို တဒုန်းဒုန်းမြည်အောင် ထုလိုက်မယ်အကြံနဲ့လက်လှမ်းရုံရှိသေး ပွင့်လာသော တံခါး

မျက်လုံးလေး အဝိုင်းသားနဲ့ကိုယ့်ကိုကြောင်ကြည့်နေကာ

"အယ် ငါတော့မြင်ချင်ရာတွေမြင်မိနေပြန်ပြီ"

မြေမှုန်တွေနဲ့ပေပွနေသောလက်၂ဖက်ဖြင့်သူ့မျက်လုံးတွေကိုပွတ်သပ်ရင်းပြောလာတဲ့သူကြောင့် မျက်လုံးထဲအမှုန်တွေဝင်သွားမှာဆိုးတာနဲ့ပဲ တားရပြန်သည်

"ဘယ်လိုတွေလုပ်နေတာလဲကွာ မျက်လုံးထဲဝင်ကုန်မှဖြင့်"

သူ့လက်၂ဖက်ကို ကိုင်ဆွဲကာပြောလိုက်တော့

"ဟယ် စကားပြောတယ် ကိုင်လည် ကိုင်လို့ရတယ်"

ကြက်ဥတွေနဲ့ပြည့်ဝနေတဲ့ လက်မောင်းသားကိုသူ့လက်ညိုးနဲ့ထိကြည့်ပြီးနောက်

"ရားးးးးး လွမ်းနေတာ မောင့်ကို"

အတင်းတွေ ရင်ခွင်ထဲ တိုးဝင်ပြီး ပွေ့ဖက်နေတဲ့သူကြောင့်

"ဟေ့ ဟေ့ကောင် ခြံဝကြီးမှာ ကွာ လူတွေကြည့်နေမှ"

"တကယ်ကြီး တကယ်ကြီး လွမ်းနေတာ ဟီးးးးးပျော်လိုက်တာ မောင်လိုက်လာလို့"

"အဟမ်း မင်းဆီလာတာ မဟုတ်ဘူး ပိုးသတ်ဆေး လာဝယ်တာ"

"ဘာနေနေ ဘာနေနေ လာလာ အထဲဝင်"

အိမ်ထဲကိုအတင်းဆွဲခေါ်သွားကာ သူ့အိပ်ခန်းထဲမှာပဲ နားခိုင်းပြန်သည်

"နားဦးနော် မောင်"

ကိုယ့်ကို နားခိုင်းပြီး သူက ချက်ချင်းပြန်ထွက်သွားမည့်ဟန်မို့

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now