********************

"ယောက်ဖကြီး ကပြန်မလာသေးဘူးလားအရီး"

ကျောင်းစတက်နေရပြီ ဖြစ်တဲ့ အိုဆယ်ပေါက်တို့က ကျောင်းမသွားခင် အိမ်ဝင်ကာ မနက်စာဝင်တုတ်နေခြင်း

"မပြောတတ်ပါဘူး သားရယ် သူလဲ မပြန်တာကြာတော့ ပျော်နေတာနေမှာ ဟိုမှာ"

အမေနဲ့ အိုဆယ်ဟွန်းပြောသမျှကိုသာနားထောင်ရင်း ထမင်းကြော်ကိုသာစားနေမိသည်

တောင်~

*သိပ်လွမ်းတာပဲ မောင်ရာ*

ထမင်းကြော်စား လက်စကနေ အနားမှာရှိတဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ နေ့တိုင်းရောက်လာတတ်တဲ့စာတိုလေး

"အမေ"

"အွမ်းသား လယ်ထဲသွားတော့မလို့လား"

"သားနက်ဖန် ဆိုးလ်ကိုသွားစရာရှိတယ်"

"ဟေ.....ရုတ်တရက်ကြီးပါလား"

"ဟဲဟဲ....ယောက်ဖကြီးဆီသွားမလို့လား အကိုချန်းယောလ်"

"အဟမ်းးး ဟို ပိုးသတ်ဆေးတွေကုန်နေပြီလေ အဲ့တာ"

"ခါတိုင်း ဒီအရောက်လာပို့တာမဟုတ်ဘူးလားသား"

"ဟုတ်သား အရီးပြောမှ "

ပြုံးစိပြုံးစိနဲ့ လုပ်နေတဲ့ တူအရီး၂ယောက်ကြောင့် ချန်းယောလ် မျက်နှာတောင် ဘယ်နားထားရမလဲမသိဖြစ်ရကာ

"ဟိုဟာလေ တံဆိပ်ပြောင်းရအောင်လို့ ဘယ်ဟာပိုအဆင်ပြေလဲ စုံစမ်းချင်တာကောကြောင့်ပါ"

"ဟုတ်ပါပြီ သွားပါ သမက်လေးဆီတော့ဝင်ခဲ့ဦးနော်"

"သူ့ဆီသွားး အဲ ၃ရက်၄ရက်ကြာမှာပါဆို အမေကလည်းသူ့အိမ်သွားတည်းရမှာပေါ့"

"အမလေး ဟုတ်ပါပြီ ဟုတ်ပါပြီ "

"အကိုချန်းယောလ်တို့ကတော့ လွမ်းရင် လွမ်းတယ်ပေါ့ဗျာ တကတည်း ပြော မပြောချင်တော့ဘူး "

"ဟာ မဟုတ်တာ သွားပြီအမေရေ နောက်နေ့အတွက်ပါ မှာစရာရှိတာ မှာထားခဲ့ရဦးမှာမို့"

ရှက်ရမ်း ရမ်းကာ ထမင်းကြော် တဝက်တပျက် နဲ့ လယ်ထဲဆိုပြီး ထထွက်သွားသူကိုကြည့်ကာ ဆယ်ဟွန်းတို့ သဘောတကျ ရယ်မောမိကြသည် မချစ်တာလဲမဟုတ်ဘဲနဲ့ကို

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now