14 Zaw+Uni

1.8K 228 14
                                    

"အန်တီ ကျနော် ဒီရောက်တာလဲ တပတ်ကျော်နေပြီ အန်တီကြီးတို့ကိုပြန်ခေါ်လိုက်ပါလားဟင်"

မနက်စာ ထိုင်စားနေကြရင်း ဘတ်ဟျွန်းဆိုမိတော့

"အတော် လင်ချစ် နေပြီပေါ့ဟုတ်လား"

"ဟုတ်မှာပေါ့ မေမေရဲ့ ဘဲကြီးကလန်းချက်ပဲ သမီးတောင်ကြွေတယ်"

ဘတ်ဟျွန်း ဘာမှပြန်မပြောဖြစ်

"နင့်အမေနဲ့လေ တပုံစံထဲပဲ နင်ဆိုတဲ့ကောင်က ဟက်"

"............"

"ငါ့ ရည်းစားကို ဗိုက်တလုံးနဲ အတင်းတွေ တာဝန်ယူခိုင်းတဲ့ကောင်မ ဟားးးဟားး "

"အဲ့လိုမပြောပါနဲ့ အန်တီ"

"အမှန်တွေပြောနေတာလေ အကိုက နင့်ပဲချစ်ပေးရှာတာ နင့်အမေကိုသူက မုန်းရုံမက ရွံပါရွံတာနော်"

"ကျနော် သိပြီးသားတွေမို့ ထပ်မပြောပါနဲ့တော့ အန်တီရယ်"

"စောစောစီးစီး ငိုမယ်မကြံနဲ့နော် ကျက်သရေကိုယုတ်တယ် လာသမီး အပြင်ဈေးဝယ်သွားမယ်"

"ဟုတ်မေမေ အော် အကိုဘတ် ဒါပြီးရင် ငါ့အခန်းထဲက အပင်လေးတွေ ရေသေချာဖြန်းပေးနော်"

"အွမ်းပါ"

ထွက်သွားတဲ့ သားအမိ၂ယောက်ကိုကြည့်ရင်းသက်ပြင်းသာ အခါခါ ရှိုက်ထုတ်နေမိတော့တယ် နေ့တိုင်း စားတာသောက်တာကတော့ ကိုယ်ကလည်းမချက်တတ်တာမို့ သူတို့စားချင်တဲ့ဆီကသာ လှည့်ပတ်ဝယ်ပြီး ပြင်ဆင်ပေးရတာအမြဲ ဖေဖေရှိရင်တော့ ဘတ်ဟျွန်းတို့ပိုပိုသာသာ ထင်တိုင်းကြဲဆိုးတတ်ပေမဲ့ ဖေဖေမရှိရင် ဘတ်ဟျွန်းက ခြံအလုပ်သမား တောက်တိုမယ်ရသာသာ ဖေဖေမရှိတဲ့အချိန်အပြစ်လုပ်မိရင် ပိုပိုသာသာအပြစ်ပေးခံခဲ့ရတဲ့ငယ်ဘဝတွေလည်းပြန်မတမ်းတချင်တော့ပါဘူးလေ

အခုတော့ မောင့်ကိုလွမ်းလိုက်တာ ဘာမှလုပ်စရာမရှိဘဲ ခေါ်ထားတဲ့အန်တီ့ကိုလဲအံ့သြပါ့ ဟိုနဲနဲဒီနဲနဲသာ သူလုပ်ပေးရတာရှိတာ တနေ့တနေ့ အိမ်မှာဒီတိုင်းကြီး ထိုင်နေရတာ ပျင်းဖို့ကောင်းချက်

ဖုန်းကိုထုတ်လိုက်ပြီး ပို့နေကျနံပါတ်လေးဆီသို့

*သိပ်လွမ်းတာပဲ မောင်ရာ*

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now