"အကိုချန်းယောလ်လေ ဘာဖြစ်လို့လဲ"

"အေး အဲ့ငါ့လင်က ငါလက်ယားလက်ယား အပြင်ထွက်မိရင် မကြည်ရုံတင်မကဘူးနောက်ပြီး အိမ်ပေါ်ကပါကန်ချနိုင်တယ် နားလည်လား"

"........."

"အဲ့တော့ ကိုယ်တော် ကိုယ့်ဘာသာကိုယ် ကြွတော့ဗျာ"

"အမလေးလေး  သူ့လင်ကျကြောက်လိုက်တာလွန်ရော သွားပြီ သွားပြီ "

ခြေဆောင့်ကာ ထွက်သွားတဲ့ဆယ်ဟွန်းနောက် ဘတ်ဟျွန်းပွစိပွစိရွတ်ရင်းသာ ပန်းကန်ဆေးရင်းကျန်ခဲ့တော့သည်

********************

"ဟာ ဖေဖေ"

"သားးး"

အမေ့ကို နေ့လယ်စာဟင်းအတွက် ဟင်းရွက်ကူခြွေနေတုန်း ခြံပေါက်ဝကနေ ဘွားကတည်းပေါ်လာတဲ့ဖေဖေ့ကြောင့်အပြေးသွားမိသည်

"သားက ဖေဖေ့ကိုခုနေ့ မလာတော့ဘူးလားလို့"

"နဲနဲနောက်ကျသွားတာသားရေ ဟိုမှာလေ မင်းမေမေနဲ့ညီမလေးက လိုက်ချင်ပါတယ်ဆိုလို့စောင့်နေရတာ"

ပြောလည်းပြော အနောက်ကိုညွှန်ပြနေနဲ့ဖေဖေ့ကြောင့်ကြည့်မိတော့ ဖေဖေ့နောက်ကနေ ကိုယ့်ကို မချိပြုံး လှမ်းပြုံးပြနေတဲ့ သားအမိ၂ယောက်

"အာ"

"ဟဲ့ သမက်လေး သားဖေဖေတို့ကိုအိမ်ထဲခေါ်လေ ခြံဝကြီးမှာအားနာစရာ"

"အာ ဟုတ်သားပဲ လာဖေဖေ အထဲဝင် အန်တီ ညီမလေး လာလာ"

"ကြွပါဦးရှင့် အိမ်ထဲကို"

ဖေဖေတို့ကို အိမ်ရှေ့ခန်းမှာနေရာချထားပေးပြီးမှ အမေနဲ့အတူ မုန့်နဲ့အအေးပြင်ဆင်ပေးရသေးသည်

"မင်းအမျိုးသားကော သား"

"လယ်ထဲ ခနသွားတယ်ဖေဖေ မနက်ကတော့ မောင်ကစောင့်နေသေးတယ် အဲ့တာ ဖေဖေတို့လည်းမလာသေးတာကော လယ်ထဲကလည်းကိစ္စရှိတာနဲ့ ခနထွက်သွားတာ ပြန်လာတော့မှာရယ်"

"ထိုင်လေသားရယ် သားဖေဖေနဲ့အတူ ထိုင်နေ "

အမေက အကြမ်းရည်အိုးလာချပေးရင်းနဲ့ ဘေးကနေမတ်တပ်ရပ်ကာပြောနေသောဘတ်ဟျွန်းကို ဖေဖေ့နားသွားထိုင်ခိုင်းနေသည်

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now