"သားရယ် ပြောလေကဲလေ သွားတော့သွားတော့ လယ်ထဲပြန်သွားမှာမို့လား"

အမေက လက်တခါခါနဲ့ လယ်ထဲအတင်းပြန်သွားခိုင်းနေပြန်သည်

"နာရီလဲ ကြည့်ဦးအမေ ၃ခွဲနေပြီ မသွားတော့ဘူး "

"အေးမသွားလဲ နားတော့ကွယ် လာလာ ကလေးတွေလဲ ညစာ ကူလုပ်ပေးကြ"

အမေက ကြက်ပေါက်နဲ့ငရှုပ်ကိုလက်ကနေဆွဲကာ မီးဖိုခန်းထဲခေါ်သွားပြီမို့ ချန်းယောလ်လည်းအိမ်ရှေ့က ကုလားထိုင်မှာ ထိုင်ပြီး စိတ်ကိုမနည်းလျှော့နေရသည်

*******************

"အမေ သားကိုစိတ်ဆိုးနေလားဟင်"

ထမင်းအိုးတည်နေတဲ့နားကို ခြွေလက်စ အရွက်ဗန်းလေးကိုင်ကာ တိုးတိုးလေးလာမေးနေတဲ့ သမက်ဖြစ်သူကို အပြုံးနဲ့သာ ပြန်ကြည့်လိုက်ရင်း

"မဆိုးပါဘူးသမက်လေးရယ် နဲနဲတော့ အင်းး ဘာမှမဖြစ်ပါဘူး"

"သားတောင်းပန်ပါတယ်နော် ဟင့် သားက "

မျက်ရည်တွေပါကျလာတာမို့

"ဟယ် ဒီကလေးနဲ့တော့ ငိုစရာမဟုတ်တာကို "

"အမေက သားကိုစိတ်ပျက်သွားမှာ ဟင့်"

"အမလေးလေးးး မပျက်ပါဘူးရှင် အမေ့သမက်လေးကို မငိုနဲ့ တိတ်တိတ် သွားဟိုမှာ ထိုင်လုပ်ချည် မီးခိုးတွေနဲ့ ဒီက "

"ဟုတ်"

သမက်ကသာ ကိုယ်စိတ်ဆိုးမှာ ပူပန်ကြောင့်ကြနေသေးတာ ဟိုက အိုဆယ်ပေါက်ကတော့ မီးဖိုခန်းထဲရောက်ကတည်းက နိဗ္ဗာန်ပြန်တက်လာရသလိုပဲ အရွက်ခြွေလိုက် ကင်ချီနှိုက်စားလိုက်နဲ့ သာယာနေတာ မပြောချင်ဘူး

*********************

ညနေစာ စားပြီးကတည်းက ကြက်ပေါက်ကလည်း အမေနဲ့ပဲ နေမှာဆိုပြီး အမေ့အိပ်ခန်းထဲ လိုက်ဝင်သွားသည် အိမ်ရှေ့ခန်းမှာ ၂ယောက်ထဲကျန်ခဲ့တော့လည်း ကိုယ်ကို မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေတာသိပေမဲ့ စကားမပြောချင်တာကြောင့် ရှောင်ဖယ်နေလိုက်သည်

တော်တော်ကြာမှ အပေါ်ထပ်အခန်းထဲတက်သွားပြီဖြစ်တဲ့ကောင်လေးကြောင့် ရေကိုသာခေါင်းကနေစလောင်းကာ ဇိမ်ပြေနပြေ အချိန်ယူကာ ချိုးလိုက်ပြီးမှ အခန်းထဲဝင်ခဲ့တော့ ကုတင်ပေါ်ဒူးနှစ်ဖက်ကိုလက်နဲ့ပိုက်ကာ ကုပ်ကုပ်လေးထိုင်နေတဲ့ကောင်လေး

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now