"အမေ့ ဟိုတယောက်ကော"
နေ့လယ် ထမင်းစားပြန်ချိန် အိမ်ပြန်ရောက်ကတည်းက အရိပ်ပင်မတွေ့ရတာ အခုကိုယ်တောင် စားပြီးလယ်ထဲပြန်သွားတော့မယ် ခါတိုင်းလိုလူမြင်အသေကပ်တဲ့သူကပေါ်မလာ
"ဘယ်တယောက် "
အမေကလည်း ဆန်ပြာနေရင်းနဲ့မေးလာသည် အော်အမေရယ် ခက်လိုက်ပါဘိ အိမ်လူဘယ်နှယောက်ရှိတာကြလို့
"အမေ့ သမက်ပြောတာ ဘယ်သွားရှုပ်နေပြန်ပြီလဲ အမေနော် လွှတ်မထားနဲ့နော် ဘယ်ချိန်ဘာထ လုပ်မလဲ သားတကယ် ခေါင်းကျိန်းတယ်"
ချန်းယောလ်က အမေ့နားပြန်ဝင်ထိုင်ရင်းပြောတော့ အမေက ဆန်ပြာလက်စ စကောကို ဘေးချလိုက်ကာ
"အဲ့လောက်လဲ မဆိုးရှာပါဘူးသားရယ် လိမ္မာပါတယ် "
"အမေ မသိဘူးနော် ဒီတယောက်က ဆရာတောင် လက်လန်တဲ့အထိနော်"
"ဟက် ချစ်စရာလေးနေမှာပါသားရယ် ဘတ်ဟျွန်းလေးက ကလေးလိုပဲနေတာမို့ပါ"
"မနိုင်ဘူး အမေတော့ သူ့သမက်ဘက်ကပဲ"
"အမေတော့ ကျေနပ်တယ်သားရယ် ဘတ်ဟျွန်းလေးက ချစ်မွှေးပါရှာတယ် "
"ချစ်မွှေးကော ငရှုပ်မွှေးကော အကုန်ပါတယ် အမေ့သမက်က"
"ဟားဟားးးးငါ့သားကတော့ဟေ့ သဘောကျနေပြီမို့လား"
"မကျပါဘူးအမေရာ သူစိတ်ကုန်သွားရင် သားက ကွာရှင်းပေးလိုက်မှာ တကယ့်ငရှုပ် အဲ့ကောင်က "
ချန်းယောလ် စကားဆုံးတော့ အမေက အသံထွက်ရယ်မောကာ ခေါင်းတရမ်းရမ်းနဲ့ ဘေးကစကောကိုပြန်ယူကာ ဆန်ဆက်ပြာရင်း
"ဆယ်ဟွန်းတို့ကျောင်း လိုက်ကြည့်ချည်လေရဲ့"
"ဟင် ကျောင်းက ဖွင့်ပြီမို့လို့လား"
"မဖွင့်သေးဘူးလေ သိတဲ့အတိုင်း မင်းညီ ဆယ်ဟွန်းက နေရာသွားဦးး"
"အရီး အရီးရေ အရီး ဟာ အကိုချန်းယောလ်ကောရှိတာလား "
အမေ့စကားပင်မဆုံးလိုက်သေး အော်ကြီးဟစ်ကျယ် အော်ကာ ပြေးလာတဲ့ ငပု
"ဟောဟဲ....ဟောာာဟောဟဲ ဟူးးးး"
"ဘာဖြစ်တာလဲ ငပုရယ် ငါ့ရင်ထိတ်လိုက်တာ"
YOU ARE READING
ပွေလီငရှုပ်လေးရဲ့ချစ်ရသူ
FanfictionPCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး