"နာမှာနော် တဖြေးဖြေးနဲ့ အူတွေပြတ်ထွက်သွားတော့မှာလိုမျိုး အားးးးလို့တောင် အော်နိုင်မှာမဟုတ်လောက်တဲ့ထိ အရမ်းးးးးနာမှာ နောက်နေ့တွေလဲ နာလွန်းလို့သေချင်လောက်တဲ့အထိခံစားရမှာ"

ပက်လက်လေးအိပ်နေတဲ့ ဘတ်ဟျွန်းအပေါ်ကနေ အုပ်မိုးကာ ချန်းယောလ် အသံကိုဆွဲဆွဲငင်ငင်နဲ့ ခြောက်ကာပြောလိုက်တာက ထိရောက်သည့်ပုံ ဘတ်ဟျွန်းမျက်ဝန်းလေးထဲ အရည်ကြည်လေးတွေရစ်ဝိုင်းလာကာ ချန်းယောလ်စကားဆုံးတဲ့နောက်အတင်းတွန်းတိုက်ပြီး ထထိုင်တော့သည်

"ဒီလက်ချောင်းလေးနဲ့ပဲကို အဲ့လောက်ကြီးနာမှာလား"

ချန်းယောလ် လက်ကိုဆွဲကိုင်ကြည့်ရင်းပြောလာတော့ ချန်းယောလ်ရယ်ချင်ပက်ကျိဖြစ်သွားရသည်

"သေးပေါက်တဲ့ဟာနဲ့လုပ်မှာပေါ့ကွ လခွမ်းဒီလက်ချောင်းနဲ့ လုပ်စရာလား"

"ဟင် တကယ်ကြီးအရမ်းနာမှာပေါ့ အဲ့တာဆို မလုပ်ချင်ဘူး မလုပ်တော့ဘူး "

ခေါင်းတယမ်းယမ်းနဲ့ အကြောက်ကန်ပြောလာတဲ့ဘတ်ဟျွန်း

"မင်းပဲ ကလေးလိုချင်တာဆို"

ချန်းယောလ်ပြောလိုက်တော့ ခန ငြိမ်ကျသွားပြီး

"ဒီလို လုပ်ရအောင်လေ ကလေးမွေးစားကြရအောင်လေ နော် နော်...."

"........."

လက်မောင်းရင်းကို ကိုင်လှုပ်ကာ ပြောလာတဲ့ ဘတ်ဟျွန်းကိုချန်းယောလ် ဘာမှပြန်မပြောဘဲ ဒီတိုင်းသာကြည့်နေလိုက်တော့သည်

"မွေးစားရအောင်လေ နော် ဒီတိုင်းဆို ကျနော့်အတွက်က ဘယ်မှာလွယ်မှာလဲလို့ ကလေးရအောင်လုပ်ရင်လဲနာမှာ မွေးရင်လဲနာမှာ နာချည်းပဲနာနေရမှာ "

"ယောကျ်ားယူထားမှတော့ နာရမှာပဲလေ မင်းပဲအတင်းယူထားတာမဟုတ်ဘူးလား"

"ဟင့် မောင်ကလည်း ချစ်လို့ယူထားတာ နာချင်လို့မှ မဟုတ်တာ တော်ပြီ အိပ်တော့မယ် မွေးစားရအောင်လို့စဉ်းစားထားဦးနော်"

သူနာမှာတော့ အသေကြောက်တဲ့ပုံနဲ့ အနားတောင်မကပ်တော့ ပြောချင်ရာပြောပြီး ကုတင်စွန်းဘက်တိုးကာ ကျောပေးသွားသည်

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now