10 Zaw+Uni

1.8K 222 10
                                    

"ဘာတွေ ရှုပ်ဖို့တွေးနေပြန်တာလဲ"

အရင်ညတွေလို လှုပ်စိခတ်ကာမနေ အိပ်မယ့်အရေးကိုလည်း မအိပ်နိုင်ဘဲ ကုတင်ပေါ်ငုတ်တုပ် ခေါင်းအုံးပေါ်မေးထောက်ကာ တွေဝေနေတဲ့သူကို ကိုယ်ကပဲ မနေနိုင်စွာ စကားစမိတော့သည်

"ဒီလို မောင်ရ"

ကိုယ့်ဘက်ကို လှည့်ကာ တကယ့်အဓိပ္ပါယ်လေးနက်ပြီး အရေးကြီးမယ့်အကြောင်းပြောတော့မည့်ပုံစံ အားယူပြီးတော့မှ

"ကလေးကို ဟိုလိုမလုပ်ပဲနဲ့ဘယ်လို ရအောင်လုပ်မလဲလို့"

"ဟမ်"

ပြောလိုက်မှဖြင့် ပတ်ချန်းတို့မျက်လုံးပြူးရသည် သူ့ကြည့်ရတာလဲ အတည်ကြီးပြောနေတဲ့ပုံ

"ဘာကို ဟိုလိုမလုပ်တာလဲ"

"ဟာ မောင်ကလည်းဝေးပြန်ပြီ ဟိုလိုပါဆိုနေ ဟိုလေသွေးသားဖလှယ်တာ အဲ့တာပြောတာ"

ရှက်ရဲရဲနဲ့ပြောလာတဲ့ကောင်လေးက တကယ့်ကို အဲ့လိုတွေးနေသည့်ပုံ

"လေဥ ဥအောင်လုပ်လေ"

ချန်းယောလ် ခပ်တည်တည်နဲ့ပြောလိုက်တော့

"လေဥ အဲ့တာဘယ်လိုလုပ်ရမှာလဲဟင် မောင်သိလား"

"ဘတ်ဟျွန်း ဘာရူးနေပြန်တာလဲ ဟမ် လေဥ ရအောင်ဘယ်လိုလုပ်လဲ အလကားငါကသိပါ့မလား"

"သူပဲပြောပြီးတော့ ဒါဆိုကလေးရအောင် ဘယ်လိုလုပ်ရမလဲလို့ ပြော"

"ဒီမှာတွေ့လား"

"တွေ့တယ်လေ လက်ညိုးကြီး"

ချန်းယောလ် လက်ညိုးတစ်ချောင်းထောင်ကာ နောက်လက်တဖက်ကလက်မနဲ့လက်ညှိုးကို အကွင်းပုံစံလုပ်လိုက်ပြီး လက်ညှိုးနဲ့အကွင်းလေးထဲဝင်လိုက်ထွက်လိုက်လုပ်ပြကာ

"အေး အဲ့လို လုပ်မှရမှာ"

ကြောင်တောင်တောင်နဲ့ကြည့်နေတဲ့ ဘတ်ဟျွန်းက အားရဝမ်းသာတဲ့အပြုံးကြီးနဲ့

"လုပ်ရအောင်လေ ဒါဆို ကလေးယူရအောင်နော် လာ လုပ်ပေး"

ခပ်တည်တည်ပဲ အိပ်ယာပေါ် ပက်လက်လှန်ချကာ ပြောလာတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ် ရုပ်တည်ကြီးနဲ့ပဲဖြဲခြောက်ရတော့မည် တကယ်ဒီကလေးအကြောက်အလန့်မရှိ

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now