အားရပါးရပြောနေတဲ့ဆယ်ဟွန်းကိုဖြတ်ခေါက်လိုက်တဲ့ အမေ့ကြောင့် ဘတ်ဟျွန်း မထိန်းနိုင်အော်ရယ်မိတော့သည်

"စကားကို ဘယ်လိုတွေပြောနေရတာလဲ ဒီကလေးနဲ့တော့ ကောင်းကောင်းနေခဲ့ကြနော် အိမ်မှာလဲ"

ခမောက်တလုံးယူဆောင်းကာ ထွက်သွားတဲ့အမေ့ကို ဆယ်ဟွန်းက ရှုံ့မဲ့ကာ လိုက်ကြည့်ပြီးမှ

"ရယ် ရယ် သိလား အရယ်လွန်ပြီး သေလည်းသွားဦးမယ်"

"ဟားးးး မင်းကလည်းကွာ ငါပျင်းနေတာကွ မင်းလာမှပဲ ရယ်ရတော့တယ် တကယ်"

"ယောက်ဖကြီး "

"အေးး"

"ကလေးမွေးပါလား ပျင်းနေရင်"

မုန်လာထုပ် လှီးနေရင်း ဒီတိုင်းပဲပြောလိုက်တဲ့ ဆယ်ဟွန်းစကားကြောင့် ဘတ်ဟျွန်းနားရွက်တွေပင် ရဲတက်လာရသည်

"ဟာ မင်းကလည်း"

"ဘာလဲ သူများတွေတောင်ယူပြီးနဲနဲကြာရင် ကလေးယူကြတာ ယောက်ဖကြီးတို့က၁နှစ်တောင်ပြည့်တော့မယ့်ဟာကို"

"အဲ့ဒါ..."

ဘာပြောလို့ပြောရမလဲမသိ သူ့အကို နဲ့က ကလေးယူဖို့မပြောနဲ့ အတူတောင်သွေးသားဖလှယ်ဖူးသေးတာလဲ မဟုတ် မောင့်ဘက်ကလည်းတခါမှမစခဲ့သလို ကိုယ်ကိုတိုင်ကလည်းရှက်ကြောက်နေခဲ့တာနဲ့ပင်

"ကြောက်လို့လား ကလေးမွေးရမှာ"

ဆယ်ဟွန်းကတော့ ကိုယ်အတွေးများနေတာကို သိပုံမပေါ် သူလုပ်စရာရှိတာသာ အာရုံစိုက်လုပ်ရင်းစကားတပြောပြောနဲ့ရှိနေလေသည်

"အင် အင်းးး ကြောက်တာပေါ့ သဘာဝအတိုင်းမှမဟုတ်တာ"

"ဒါဆိုလည်းမွေးစားလိုက်လေဗျာ အိမ်ထောင်တခုမှာ ကလေးဆိုတဲ့သံယောဇဉ် မျှင်တန်းလေးရှိတော့ပိုမြဲတာပေါ့ ပြီးတော့ အကိုချန်းယောလ်က ကလေးအရမ်းချစ်တတ်တယ်လေ"

"ဟင် ဟုတ်လားး"

ဆယ်ဟွန်းက လှီးလက်စတွေကို ဇလုံထဲကောက်ထည့်ပြီး ဓားကိုချလိုက်ကာ

"ကိုယ့်ယောကျ်ားအကြောင်း ကိုယ်မသိဘူးလား"

"မသိဘူးလေ ငါရောက်ကတည်းက ကလေးတယောက်မှမတွေ့တာကို"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now