9 Zaw+Uni

1.8K 222 13
                                    

"အမေ ဆယ်ဟွန်းက ကျောင်းသွားရတော့မှာပေါ့ အဲ့ဒါဆို"

အိမ်ရှေ့စားပွဲမှာ ကင်ချီ လုပ်ဖို့ မုန်လာထုပ်တွေ လှီးဖြတ်ကူနေရင်းမေးလိုက်တော့ အမေက ဟင်းအနှစ်တွေ စပ်နေရင်းကနေ

"ဒီနေ့မှ ကျောင်းအပ်ရသေးတာပါ သမက်လေးရယ် နောက်အပတ်မှ ဖွင့်လောက်ပါတယ်"

"ဟင်းးးးး ကြက်ပေါက် ကျောင်းဖွင့်ရင် သားတော့ ပျင်းနေတော့မှာဘဲ "

"ဟားဟားးးး အမလေး ငါ့သမက်လေးနှယ် ကြိုတောင်ပျင်းနေပြန်ပြီ "

"ဟီးးးးး အခုကိုပျင်းနေပြီ အမေရ ဟိုကောင်က ကျောင်းပြန်တက်ရတော့မှာဆိုပြီးချေနေတာ သားနဲ့လာပြီးမျောက်မကျတော့တာတောင် ၂ရက်၃ရက်ရှိနေပြီ"

နှုတ်ခမ်းလေးတထော်ထော်နဲ့ လှီးရင်းဖြတ်ရင်း အမေ့ကို တိုင်ပြောပစ်လိုက်သည် သူ့မှာတနေ့တနေ့ ဘာမှလုပ်စရာမရှိ ပျင်းနေရတာ မောင်ကလည်း နေကောင်းပြီးကတည်းက လယ်ထဲခေါ်တော့တာမဟုတ်ဘူး

"သူများအတင်းတုပ်နေတာ ဘယ်မြို့သားငရှုပ်လဲဗျ ဟမ်"

ဂုတ်ကနေ တန်းလန်းဆွဲထားတဲ့လွယ်အိတ်ကို ခုံပေါ်ပစ်တင်ကာ ဝင်ထိုင်ရင်းမေးလာတဲ့ ငဆယ်ဟွန်းကြောင့် သွားဖြီးပြလိုက်ကာ

"မဟုတ်တာကွာ မင်းကိုလွမ်းနေတာပါ နော့ အမေရာ"

"ဟုတ်ပါ့ ဟုတ်ပါ့ ဆယ်ဟွန်း ကူထားလိုက်ဦး အရီးဟိုဘက်ခန သွားလိုက်ဦးမယ်"

လက်ထဲ ဓားတချောင်းထိုးပေးကာ အရီးကပြောလာတာကြောင့်

"ဘယ်သွားမလို့လဲ အရီးက ဟိုဘက်ကဘယ်ကိုပြောတာလဲ"

"ဟယ်တော် မင့် လမ်းထိပ်က ဆိုဂျောင် မွေးတော့မှာ သွားမေးမလို့လေ သူ့မှာယောကျ်ားလည်းရှိရှာတာမဟုတ်ဘူး မိန်းမသားတန်မဲ့တယောက်တည်းရုန်းကန်နေရရှာတာ"

"အာ ကျနော်တောင်တွေ့ခဲ့သေးတယ် ဗိုက်ကအကြီးကြီးဗျာ အားရစရာကြီး ဟီးဟီး ပြေးပြေးပြီးတောင်ကန်ချင်တယ်"

ဂွပ်~

"အ့ နာတယ်ဗျ အရီးရ"

"ဟားးဟားးးးး"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now