အသာလေးကျောလေးကို ပုတ်ပေးကာ ငြိမ်နေပေးလိုက်သည်

"သူ သူတို့က လွန်တာကြီးကို"

"ဟမ် ဘာပြောတာလဲ"

မကြားလို့ ထပ်မေးလိုက်တော့

"သူတို့က အရင်လွန်တာလို့ ဟင့် သဲက မောင့် အမွေမက်ပါ့မလားလို့ အလကားနေ လျှောက်ပြောချင်တဲ့စုန်းမကြီးတွေ"

ကလေးပေါက်လေးကို ချွဲချွဲလေးပြောလာတာကြောင့် ချန်းယောလ် အသဲယားကာ ပါးလေးကို ဖျစ်လိုက်မိတော့

"အားးးး နာတယ် မောင်ရဲ့"

ခေါင်းအုံးပေါ် ပြန်လှဲချရင်း သူ့ပါးတဖက်ကို ပွတ်ကာအော်လာတာမို့

"ဆောရီး ဆောရီး ငါမေ့သွားလို့ မင်းနာနေတာကို"

နှုတ်ခမ်းတတောင်လောက်ထော်ကာ သူ့ပါးသူသာ အသာဖွဖွပွတ်နေတဲ့သူကြောင့်

"ငါပြောပြမယ် အမြဲဒေါသကြီးပဲရှေ့တန်းတင်မနေနဲ့လေကွာ အခုဟာက သူတို့က မင်းကို ဘယ်သူမှန်းလဲ သိမှမသိတာ သိတဲ့အတိုင်း ငါတို့ဆီက လက်လုပ်လက်စား များတော့ လယ်ပိုင်ရှိတဲ့ ငါတို့ကို အထင်ကြီးကြတာ အဆန်းမဟုတ်ဘူးဟေ့"

"မောင် ကလည်းလေ အဆန်းမဟုတ်တာ သိပေမဲ့ သူများအကြောင်းလျှောက်ပြောနေရလားအဲ့လို ယောကျ်ားချင်းပဲယူယူ ဘာလုပ်လုပ် သူတို့အပူ ပါတာကျလို့"

"အမလေး နှုတ်ခမ်းတလန်ပန်းတလန်နဲ့ သူတို့နဲ့တုန်းက အဲ့လိုပြောခဲ့ပါလား ဟမ် ခံလာရတယ်လို့"

"ဟ ၃ယောက် ၁ယောက်ဗျ ဟိုက တကယ်လုပ်တာ ဆွဲဆွဲချပြီး လုံးနေမှတော့ စကားပြောချိန်ကိုမရှိတာ တကယ်ပဲ ကြမ်းထော်မတွေ"

"ဟားးးဟားးးးး"

မျက်နှာကိုရှုံ့မဲ့ကာ ပြောလာတဲ့ဘတ်ဟျွန်းကိုကြည့်ပြီး ချန်းယောလ် တဟားဟားးအော်ရယ်လိုက်သည်

"ဘာရယ်တာလဲ အဲ့ဒါက "

မျက်စောင်းကြီးထိုးကာမေးလာတော့

"အော် ငပွေငရှုပ်ကို အသေဆော်နေကြတဲ့မြင်ကွင်းကို ပြန်မြင်ယောင်ပြီး ရယ်ချင်လို့ပါ ဟားးးဟားးးးး"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now