"အော် နားလည်ပြီ ဟီးးးကျေးဇူးအမ"

ဘေးကနေ လယ်သမ အမတယောက်ကသေချာလေးသင်ပြပေးတာကိုနားထောင်ပြီး ပြောတဲ့အတိုင်းလိုက်လုပ်နေတာ တကယ့်ကလေးကို စာသင်ပေးနေသလိုပင်

ချန်းယောလ်လဲ ဘတ်ဟျွန်းလုပ်နေကိုင်နေတာကို ကြည့်ပြီးစိတ်ချရလောက်မှပဲ

"ကဲ နေခဲ့ကြဦးနော် ကျနော် ပိုးသတ်ဆေးဖိုးသွားရှင်းလိုက်ဦးမယ်"

"ဟုတ်ကဲ့ စိတ်ချသွားပါ"

"မောင် မြန်မြန် ပြန်လာခဲ့နော်"

ပြုံးလိုက်တယ် ဟီးးးး မောင်က ဟိုဘက်လှည့်ပြီး ပြုံးသွားတယ်

ဘတ်ဟျွန်းလည်း ဘေးက အမနဲ့အတူ လေပေါရင်း တလှုပ်လှုပ်နဲ့သာ လုပ်နေမိသည်

"ဟဲ့ တကယ်ကြီး ယောကျ်ားချင်းကြီးနော်"

အနောက်ကနေ တိုးတိတိုးတိ ထွက်လာတဲ့အသံကြောင့် ဘတ်ဟျွန်း လုပ်လက်စကိုရပ်ကာ နားစွင့်နေမိသည်

"အေးဟယ် ယုံတောင်မယုံနိုင်ဘူး ငါတို့ချန်းယောလ်လေးက ဒီလိုဟာကြီးဆိုတာလေ တွေးတောင်မတွေးမိဘူး"

"အေးလေ ဟိုက အတင်းကပ်နေတဲ့ပုံနော် ချန်းယောလ်ဆီက ဘာမက်မောနေလဲမသိ"

"ဟဲ့ ချန်းယောလ်လေးတို့ကသားအမိ၂ယောက်တည်းရှိပြီး သူ့အမေသေရင်ရှိတဲ့လယ် သူပဲအမွေရမှာလေ"

"မထူးဆန်းပါဘူး ပုံစံက ပျော့ဖက်ဖက်နဲ့ မက်တာနေမှာပေါ့ အမွေ"

တစတစနဲ့ ပြောနေလိုက်ကြတာ သူတို့ကိုယ်သူတို့သတိမထားမိကြဘူးလားမသိ ဘေးကအမကတော့ ကိုယ့်ကိုတကြည့်ကြည့်နဲ့ အားနာနေတဲ့ပုံပင် မသိသလိုနေလိုက်တော့မလိုပေမဲ့

"ဘာနေနေ ရွံစရာကြီးအေ ယောကျ်ားချင်းကြီးကို "

ကြားလိုက်ရတဲ့စကားက နားထဲကန့်လန့်လိုက် ဝင်သွားကာ

"ကြားနေရတယ်နော်"

အနောက်လှည့်ပြီး ပြောလိုက်တော့အတင်းတုပ်နေတဲ့မိန်းမ၃ယောက်က

"ကြားစေချင်လို့ပြောနေတာလေ ကြားမှာပေါ့"

"ဟှော် ခင်များတို့ လွန်တယ်နော်"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now