*****************

"ဘတ်ဟျွန်း လာပိုးသတ်ဆေး ဘူးတွေသယ်ကူ"

ပန်းခင်းမှာ ရေလောင်းဖို့လုပ်နေတုန်း ချစ်ချစ်က လာပြောတာကြောင့်

"ဟို သယ် သယ်ရမှာလား"

"လူလိုနေတယ် မြန်မြန်လာ နုယွမနေနဲ့"

"အွမ်းပါ မောင်ရဲ့"

ရှေ့က မြန်မြန်ပြန်ထွက်သွားတဲ့မောင့်နောက်ကိုပဲ လိုက်လာခဲ့ရတော့သည်

"ဟူးးး လေးလိုက်တာ"

ကားပေါ်ကနေ လယ်ကွင်းအလယ်နားလောက်က ဂိုဒေါင် သဘောမျိုး တဲအိမ်လေးထဲကိုသယ်ရသည် ဒီနေ့က လယ်သမတွေပဲအလုပ်ဆင်းပြီးယောကျ်ားသားမရှိတာကြောင့် မောင်နဲ့ကျနော်နဲ့ ၂ယောက်သာ တော်တော်လေးတဲ့ပုံးကြီး၁၀ပုံးကို သယ်ကြရသည်

"ယောကျ်ား မဟုတ်တဲ့အတိုင်းပဲ"

ပုံးတွေကို စီချပြီးနောက် မြေကွက်လပ်လေးမှာ ဖင်ထိုင်ချကာ ညည်းမိတော့ မောင်က ရှုံ့မဲ့ကာ ပြောလာသည်

"ယောကျ်ားမဟုတ်ဘူး အဲ့ရှေ့မှာကျန်သေးတယ် ဟီးးး မောင့်ရဲ့ ဆိုတာ"

"အားရင် အခွက်ပြောင်မနေနဲ့ ထတော့ ဒီနေ့ လယ်ထဲလိုက်ဆင်း လူလိုတယ် "

"ဟင် တကယ် တကယ် မောင်နဲ့အတူ လယ်လုပ်ရမှာလား တကယ်လား"

အမလေး ရှိရင်းစွဲ မျက်လုံးမှေးလေးကို အသေပြူးကာမေးလာတဲ့ခွေးပေါက်လေးကြောင့် ချန်းယောလ် ရယ်ချင်လာသည် ဘယ်လိုဟာလေးလဲမသိ ရွှံ့ထဲဆင်း ကုန်းကွကွနဲ့လုပ်ရရင် ပင်ပန်းမှာစိုးလို့ ပန်းပျိုးတဲ့ဘက် အလုပ်ပေးထားပါတယ်ဆို ဒီငပွေနဲ့တော့

"အေး ဟုတ်တယ် လာ"

"လာပြီ လာပြီ ဟဲဟဲ"

နောက်ကနေ ခုန်ပေါက် ပြီးတော့တောင်လိုက်လာသေးတယ် ကိုယ်တော်က ဒီလိုကျတော့လည်း မနက်ကလိုအီးမှန်တဲ့ရုပ်မဟုတ်ပြန်တော့

********************

"ဒီလိုလေး လက်ကလေးနဲ့ ရွံ့ထဲအသာလေးစိုက်ပေးရတယ်"

"အာ"

"ဒီမြှောင်းဖော်ထားတဲ့နေရာလေးအတိုင်းလိုက်စိုက်ရုံပဲ"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now