"ထ သွားမယ်"
မနက်စာ စားပြီး ဘတ်ဟျွန်းလေးကိုလယ်ထဲသွားဖို့ခေါ်နေတဲ့ သားဖြစ်သူကြောင့်
"သားရယ် ကလေးကို ခေါ်မသွားပါနဲ့တော့ နေပူထဲ အရမ်းပင်ပန်းနေမှာကို"
အမေက ကိုယ့်ဘက်ကပါပြီးပြောပေးနေတာမို့ ဘတ်ဟျွန်းမျက်နှာ ငယ်လေး လုပ်ကာ သနားစဖွယ်ပုံစံလေး လုပ်နေလိုက်သည်
ဟုတ်တယ်လေ လယ်ထဲလိုက်ရတဲ့ ၂ပတ်ကျော်အချိန်လဲပြန်ကြည့်ကြည့်ဦး အသားမဲတာအဖတ်တင်တာပဲ မောင့်အနားလဲမကပ်ရဘူး တချိန်လုံး အဲ့ပန်းခင်းထဲပဲတူးဆွနေရတာ အစရက်တွေကမှထမင်းပုံမှန်အတူစားရသေး အခုနောက်ပိုင်း နေ့လယ်စာစားချိန်တောင်မတွေ့ရဘူး ဟွန့်
"ကြည့်ဦး ကလေးကိုလဲ အသားတွေကိုညိုလာလိုက်တာ အိမ်မှာပဲအေးဆေးနေပါစေကွယ်"
"အမေမသိဘူးနော် အမေ့သမက်အကြောင်းကို အခုကရည်းစားစာရေးပေးရုံပဲ နောက်ဆိုပိုဆိုးတာတွေဖြစ်လာရင် သားစိတ်ထိန်းနိုင်မှာမဟုတ်ဘူး"
"သားကလည်း"
မောင်ကလည်း လူရှေ့ထားပြီး အတင်းပြောနေတော့တာပဲ အမေကတော့ သူ့ကြည့်လိုက် ကိုယ့်ကြည့်လိုက်နဲ့ပဲ
*အမေရေ ကယ်ပါဦး သားမလိုက်ချင်ဘူးဆို *
ဘတ်ဟျွန်း အမေ့ကိုသာ သနားစဖွယ်လေးဖြစ်အောင်ကြည့်နေလိုက်သည်
"ထလေ ဘတ်ဟျွန်း နောက်ကျနေပြီ ပေကပ်ကပ်လုပ်မနေနဲ့"
ခတ်ဆတ်ဆတ် ပြောလာတဲ့မောင့်စကားကြောင့် အမေ့ကိုနောက်ဆုံးအနေနဲ့ကြည့်မိတော့ အမေက သူလည်းမနိုင်တော့ဘူးဆိုသလိုမျိုး ခေါင်းယမ်းပြလာလေသည်
"ထလေကွာ လယ်ထဲမလိုက်ချင်ရင် အထုပ်ပြင်ပြီး ပြန်တော့"
ပြန်ဖို့ပြောပြီး ခမောက်ယူကာ ထထွက်သွားတဲ့မောင့်ကြောင့် ဘတ်ဟျွန်းမှာ ပေကပ်မနေနိုင်တော့ နောက်ကနေအမြန်ပြေးလိုက်ရတော့သည်
"လိုက်မှာလို့ မောင်ကလည်း စောင့်ပါဦး ဆိုနေ"
အိမ်ကထွက်သွားတဲ့ သားနဲ့သမက်နဲ့ကို ကြည့်ရင်းတကယ့်ရင်မော ရပါသည်လေ အိမ်ကသားကလည်းထစ်ကနဲရှိပြန်တော့ အထုပ်ပြင်နဲ့ ဟိုကကလေးကလည်း ကလေးဆန်ပြီးလျှောက်လုပ်တတ်တာပဲရှိရှာတာပါ သူ့ခမျာ ကိုယ့်သားလေးကိုတကယ်ချစ်တာကို မြင်နေရတယ်
YOU ARE READING
ပွေလီငရှုပ်လေးရဲ့ချစ်ရသူ
FanfictionPCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး