နိဒါန်း ( U + Z )
71K 2.1K 30
[ Unicode ]
ဇနီးကသာ ပထမ။ တိုင်းပြည်က ဒုတိယ။ ခင်ပွန်းကိုတော့ အရေးပါမှုတွေအားလုံးထဲက နောက်ဆုံးမှာထား။
သူ့ဘဝတစ်လျှောက်လုံး စစ်မြင်းကို စီးကာ ချီးကျူးထိုက်တဲ့ စစ်ပွဲများစွာကို တိုက်ခဲ့ပြီး သစ္စာရှိရှိစစ်မှုထမ်းခဲ့တယ်။
ဒါပေမယ့် အဲ့ဒီအတွက် သူဘာပြန်ရလိုက်သလဲ…?
နောက်ဆုံးမှာတော့ ရည်ရွယ်ချက်ပြည့်သွားတာနဲ့ စွန့်ပစ်ခံလိုက်ရတာပဲ။
တစ်ကိုယ်ကောင်းဆန်ဆန်ပဲ သူဟာ အရန်ကြင်ယာတော်ကိုသာ မျက်နှာသာပေးခဲ့ပြီး ဝမ်ဖေးကိုတော့ လျစ်လျူရှုခဲ့သည်။
သို့ပေမယ့် နောက်ဆုံးအချိန်ထိ သူ့ဘေးနားမှာ ရပ်တည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူဟာ ဆယ်နှစ်ကျော်ကြာ သူလျစ်လျူရှုထားခဲ့တဲ့ သူ့ရဲ့ဝမ်ဖေးဖြစ်နေခဲ့သည်။
နောက်တစ်ဖန်ပြန်လည်မွေးဖွားလာချိန်မှာတော့ သူဟာ တူညီသော အမှားများကို ထပ်မံမပြုလုပ်တော့ဘဲ လူသစ်စိတ်သစ်ဖြင့် အသစ်တဖန်ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့သည်။
တံခါး၏အပြင်ဘက်၌ ခေါင်းအုံးတစ်လုံးကို ပိုက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ အရင်ဆုံး ဝမ်ဖေးနဲ့သူ့ကြားက ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရမယ်။
ကျင်းရှောင်ဟာ လက်သီးလက်မောင်းတန်းလိုက်ပြီးနောက်မှာ တံခါးကို ခေါက်လိုက်လေ၏။
"ကျွင်းချင်... ကိုယ် မှားမှန်းသိပါပြီ... ကိုယ့်ကို အထဲဝင်ခွင့်ပေးပါ..!!"
🍀🍀🍀🍀🍀
[ Zawgyi ]
The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now