Epilogue 3 [U]

10.6K 1.5K 130
                                    

Ji Qu (ကျီခွျှီ) လည်းဖုန်းကို ငုံ့ကြည့်လိုက်ချိန်မှာတော့ လွန်ခဲ့သော သုံးနှစ်က တင်ထားခဲ့သည့် သတင်းတစ်ပုဒ်ဖြစ်နေသည်။
{ Shen Yizhou (ရှန်ရီကျိုး) ၏ ခင်ပွန်းဖြစ်သူသည် သူ့ကုမ္ပဏီ "Ruixing Entertainment" လက်အောက်ရှိ အနုပညာကြယ်ပွင့်တစ်ဦးဖြစ်သူ Luo Yu(လောယွီ) နှင့်ဖောက်ပြန်မှု} ဆိုသည့်သတင်းဖြစ်သည်။ နောက်တော့ နှစ်ဦးစလုံး မတော်ဆမှုဖြစ်ပွားခဲ့ပြီး တစ်ဦးကသေဆုံးကာ နောက်တစ်ဦးမှာတော့ရူးသွပ်သွားခဲ့သည်ဟုရေးသားထားသည်။

""သူတို့က အဲ့လောက်ဘဲဖော်ပြထားတာ။ဒါပေမဲ့လည်းအမှုက ဖြေရှင်းလို့မရသေးဘူး"" လို့ Xiao Hua (ရှောင်ဟွာ) ကထပ်ပေါင်းပြောသည်။

""တရားရုံးက စီရင်ချက်ချပြီးပြီမဟုတ်လား။ Luo Yu(လော့ယွီ) ကအဲ့ယောကျာ်းကိုသတ်ခဲ့တာလို့ပြော
ကြတာဘဲဟာ"" Ji Qu (ကျီခွျှီ) ကပြန်ပြောတယ်။

Xiao Hua (ရှောင်ဟွာ) ကတော့ နှာခေါင်းရှုံပြီး

"" လူတိုင်းက အဲ့လိုဘဲပြောကြတာဘဲ။ အဲ့တုန်းကပြည်သူတွေရဲ့ အမြင်ကအရမ်းပြင်းထန်အင်အားကောင်းခဲ့ကြပြီး moderator တောင်မှကားတိုက်ခံရသေးတယ်လေ။ ဒါကြောင့် တရားသူကြီးတွေမှာလည်း အဲ့လိုဆုံးဖြတ်ချက်ချရုံကလွဲလို့ ဘာမှရွေးချယ်စရာမှမရှိခဲ့ကြတာ။ အစောကြီးကတည်းကလည်း Luo Yu(လော့ယွီ) သတ်ခဲ့တယ်ဆိုတာ သံသမရှိစွာနဲ့သေချာနေတာဘဲဟာ။ ဒါတောင် သူက Moderator ကိုအပြစ်ပုံချချင်နေသေးတယ်""

Ji Qu (ကျီခွျှီ)လည်း သူကိုတစ်စုံတစ်ယောက်က တိုက်ခဲ့တာကို မှတ်မိသွားတယ်။အဲ့အချိန်မှာဘဲ သူတစ်ခါမှ သတိမထားမိတဲ့ အသေးစိတ်တွေအကုန်ပြန်သတိရသွားသလိုဘဲ။
Shen Yizhou(ရှန်ရီကျိုး) ကြည့်ရတာတစ်နည်းမဟုတ်တစ်နည်း အပြစ်ရှိနေသလိုမျိုး ဝမ်းနည်းနေပုံရတယ်။

""နောက်တော့ moderator ကိုကားနဲ့တိုက်သတ်ခဲ့တဲ့ ရဲအရာရှိလည်းအဖမ်းခံခဲ့ရပြီး Luo Yu(လောယွီ)ရဲ့အမျိုးဆိုတာ သိလိုက်ရတယ်လေ""
Xiao Hua (ရှောင်ဟွာ) ကဆက်ပြီး
"" ဒါကြောင့်လည်း အဲ့လူက Luo Yu(လော့ယွီ)လုပ်ခဲ့တာကို ကာကွယ်ပြီးဖုံးပေးချင်နေတာပေါ့။
အဲ့နှစ်ယောက်က ဖောက်ပြန်လူသတ်ခဲ့တာကိုတောင်ဖုံးကွယ်ပြီး Shen Yizhou(ရှန်ရီဇူး) ကိုရှိသမျှအပြစ်တွေပုံချချင်နေကြသေးတာ""

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now