Chapter 9 [Z]

13.5K 1.3K 10
                                    

ရုပ်ရှင်ရဲ့ offical poster ကနောက်ဆုံးတော့ စတင်ထွက်ရှိခဲ့ပြီ။ ငယ်ချစ်ဦးရဲ့ နာမည်ဟာလည်း သံသယမရှိစွာနဲ့ဘဲ leading role အဖြစ် cast ထဲပါဝင်ခဲ့သည်။
ရင်းနှီးမြုပ်နှံမှုကြီးမားတဲ့ရုပ်ရှင်တစ်ခုအနေနဲ့ အချစ်ဝတ္ထုဖြစ်ပါစေအုန်း ကြော်ငြာအားဟာလည်း ကောင်းမွန်လှသည်။ ရုပ်ရှင်ကို Public ချပြပြီးချိန်မှာတော့ ရုပ်ရှင်ဧကရာဇ်အိမ်က သန့်ရှင်းရေးအကူတစ်ယောက်ကို အသံဖမ်းထားတဲ့ ဘောပင်ကို ပေးလိုက်တယ်။ ပိုက်ဆံကောင်းကောင်းပေးပြီးလည်း ငါပါဝင်နေကြောင်းမပြောဖို့အတွက် နှုတ်ပိတ်လိုက်တယ်။
နောက်တော့ ရုပ်ဖျက်ပြီး ထွက်သွားလိုက်သည်။
➖➖➖➖➖➖➖➖➖➖➖➖➖
သူငယ်ချင်းဖြစ်တဲ့ ဒယ်ဒီတာ B နဲ့တွေ့ဖို့ ချိန်းလိုက်တယ်။ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာဘဲ တွေ့ဖို့ ဆုံးဖြတ်ခဲ့
ကြပြီး သူကူညီပေးခဲ့တဲ့အတွက် ငါနောက်တစ်ကြိမ်ထပ်ပြီးကျေးဇူးတင်စကားပြောလိုက်သည်။ သူကတော့ ငါ့ကို ဟန်ဆောင်ပြုံး ပြုံးပြပင်မဲ့ သူအနေနဲ့ စိတ်အခြေအနေမကောင်းတာကို ငါရှင်းရှင်းလင်းလင်း အာရုံခံမိတယ်။ ငါသတိထားမိပါတယ် သူ့လိုမျိုး လူတစ်ဖက်သားရဲ့ခံစားချက်ကို အမြဲဂရုစိုက်တဲ့လူတစ်ယောက်အနေနဲ့ ငါ့ကို စိတ်ပူနေတယ်ဆိုတာ။
B အနေနဲ့မေးဖို့ တုံ့ဆိုင်းနေပြီးကာမှ
"" ရုပ်ရှင်ထဲက ယောကျာ်းလိုမျိုး ဖောက်ပြန်ခြင်းခံနေတယ်ဆို မင်း ဘယ်လိုလုပ်မလဲ "" လို့စမေးသည်။

""အဲ့လိုဖောက်ပြန်ခဲ့တာကို မေ့ပစ်ပြီး ယောကျာ်းနဲ့ဘဲအတူတူ ဆက်နေမယ်။ ဘာကြောင့်လဲဆိုတော့ ငါက ငါ့ယောကျာ်းကို တကယ်ချစ်တာမို့ "" ဆိုပြီး
ပြန်ဖြေခဲ့သည်။

ဒါပေမဲ့လည်း သေချာတာပေါ့ အဲ့စကားတွေအားလုံးက အလိမ်အညာတွေဆိုတာ။ ငါအနေနဲ့ ငါ့ယောကျာ်းကို သတ်ဖို့ စီစဉ်နေပါတယ်လို့ သူ့ကို ဘယ်ပြောလို့ရမလဲ။
သူကတော့ အရမ်းကို ဒေါသထွက်ပြီး ငါပြောခဲ့တာတွေကို လက်မခံချင်ပုံရတယ်။ B အနေနဲ့ သူရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြပြီးကာမှ အကယ်၍များ ငါ့အနေနဲ့ စိတ်ကူးပြောင်းခဲ့သည်ရှိသော် သူကိုလာရှာနိုင်ကြောင်း ၊ အတော်ဆုံးရှေ့နေ့ကို သိကြောင်းနဲ့ သူ့အနေနဲ့ ငါ့အတွက် ကူညီပေးနိုင်သမျှ ဘာမဆိုကူညီပေးမည့်အ
ကြောင်းပြောပြခဲ့သည်။

ငါကတော့ ပြုံးရုံသာပြုံးပြီး အဲ့လိုမျိုးဖြစ်လာမှာ မဟုတ်ကြောင်းငြင်းဆိုလိုက်တယ်။ နောက်ဆုံးတော့ ငါဟာ ငါ့ယောကျာ်းကို အရမ်းချစ်တယ်လေ။
အချစ်ကနေ သတ်ချင်မိတဲ့အထိ ငါ့အပေါ်ကို ဖောက်ပြန်ခဲ့တာမို့။ သဘာဝကျစွာနဲ့ဘဲ နောက်ဆုံးအကြောင်းကိုတော့ ငါထုတ်မပြောခဲ့ဘူး။
မျက်နှာချင်းဆိုင်က B ကတော့ စိတ်ဓာတ်ကျစွာနဲ့ သက်ပြင်းချလေတယ်။
သူ့နှလုံးသားထဲမှာတော့ ငါဟာအလွန်ကိုဖြူစင်လွန်းတဲ့သူတစ်ယောက်။ ဘယ်လောက်တောင် ဖြူစင်သလဲဆို ယောကျာ်းကဖောက်ပြန်ပြီး နောက်တစ်ယောက်ထပ်ထားနေတာကိုတောင် မသိဘဲ ငါ့ယောကျာ်းရဲ့အ
မြှောင်အတွက်တောင် အောင်မြင်အောင်လမ်းဖောက်ပေးနေမိတဲ့ ရူးမိုက်တဲ့ကောင်မလေးတစ်ဦးလိုပေါ့။ လူတွေက အဲ့လိုမြင်တယ်ဆို သိပ်ကောင်းတယ်။ ငါကအဲ့လိုဘဲ မြင်စေချင်တာမို့လေ။

➖➖➖➖➖➖➖➖➖➖➖➖➖➖
ရုပ်ရှင်ဟာ လူသိရှင်ကြားဖြစ်လာတာနဲ့အမျှ ငါ့ယောကျာ်းရဲ့ ငါ့အပေါ် သတ်ချင်နေတဲ့ အမူအယာတွေလည်း တဖြည်းဖြည်း ငြိမ်ကျလာတယ်။ အဆုံးတော့ ရုပ်ရှင်ထဲကလိုဘဲ ငါ့နောက်ကွယ်မှာ ငယ်ချစ်ဦးနဲ့ ဖောက်
ပြန်နေတယ်မလား။ သူအနေနဲ့ ငယ်ချစ်ဦးရဲ့ နာမည်နဲ့ ဂုဏ်သတင်းကို စိတ်ပူနေပုံအရတော့ အခုချိန်မှာတော့ငါ့ကို သေစေချင်မှာ မဟုတ်သေးဘူး။
ဘာဘဲဖြစ်ဖြစ် ငါကတော့ သူကို ဖြည်းဖြည်းချင်း သေသွားစေချင်တာ။ သူ့ရဲ့ဆေးတွေကိုပြောင်းပြီး Drug C နဲ့ နည်းနည်းချင်းစီ အစားထိုးခဲ့တယ်။
ဒါပေမဲ့လည်း သူ့ကို အစောကြီး မသေစေချင်သေးဘူး။ အနည်းဆုံးတော့ ငယ်ချစ်ဦး ဒီရုပ်ရှင်မှာ third party အဖြစ်သရုပ်ဆောင်လို့ ပြီးတဲ့ချိန်ထိ ဒါမှမဟုတ် ရုပ်ရှင်ဝင်ငွေက Box office မှာ 100 million
ဝင်တဲ့အထိ ရှိနေစေချင်သေးတာ။

နောက်တော့ ငါ့ယောကျာ်းကုမ္ပဏီကို ငါသွားခဲ့တယ်။ ငါအနေနဲ့ စောက်ရူး Wu Zai လိုလူမျိုး ဘယ်လောက်တောင်များရှိမလဲဆိုတာ တွေ့ချင်လို့။

သူတို့အမြင့်ကို ပိုပိုရောက်လေ ငါဆင်ထားတဲ့ထောင်ခြောက်ထဲက မလွတ်မြောက်နိုင်လေဘဲလေ။

T/N Really sorry for the late update T.T

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now