Chapter 30 [U]

13.6K 2K 141
                                    

ငယ်ချစ်ဦးရဲ့ လက်ရှိအခြေအနေကိုသွားကြည့်ဖို့ ငါအနေနဲ့စီစဉ်ထားတယ်။ ဒါကြောင့်လည်း B ကငါ့လက်ကိုတွဲပေးပြီး ကုတင်ပေါ်ကနေဆင်းလို့ရအောင် ကူညီပေးတယ်။ ငါလည်း ဖိနပ်ပါးလေးဘဲစီးပြီးအပြင်ထွက်လိုက်တယ်။
အခန်းတံခါးပွင့်သွားတာနဲ့ hallwayရဲ့မီးချောင်းကနေလာတဲ့အဖြူရောင်အလင်းတန်းက ward တစ်ခုလုံးကိုလင်းထိန်နေတာဘဲ။ အဲအလင်းရဲ့ စူးရှတဲ့အရောင်ကြောင့်ဘဲ ငါ့မျက်လုံးတွေကိုတောင်ရုတ်တရပ် ပိတ်မတတ်ဖြစ်သွားစေတယ်။
Officer D နဲ့ငယ်ချစ်ဦးက Hallway ရဲ့ထိုင်ခုံတန်းလျားတွေမှာထိုင်နေတာကို တွေ့လိုက်ရတယ်။

ငါဖြည်းဖြည်းချင်းဘဲလျှောက်သွားလိုက်တယ်။ B ကတော့ ငါ့နောက်ကို ဆက်လိုက်မလာဘဲ အမှောင်ခန်းထဲမှာဘဲ မတ်တတ်ရပ်နေပြီး ငါ့ကို တိတ်တဆိတ်စောင့်ကြည့်နေတယ်...အစောင့်တစ်ယောက်လိုမျိုး

ဘေးပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ပြီးချိန်မှာတော့ ငါ့အကြည့်တွေကို ငယ်ချစ်ဦးဆီ ပြန်ပို့လိုက်တယ်။ သူ့အနက်ရောင်ဆံပင်တွေကအရင်လို တောက်ပမှုမရှိတော့ဘဲ မွဲခြောက်နေတယ်။သူ့မျက်လုံးတွေကလည်း အောက်စိုက်နေပြီး သူ့အမူအယာက အသက်မဲ့နေတဲ့ ငါးသေတစ်ကောင်လိုဘဲ။ သူ့မျက်လုံးထောင့်နားက ဒဏ်ရာတွေကြည့်ရတာလည်းအခုမှ အနာဖေးတွေဖြည်းဖြည်းချင်းတက်နေပုံရတယ်။ သူ့ပါးစပ်ထဲကနေလည်း အရည်တွေကျနေတာကိုလည်းသိသိသာသာကြီးကို မြင်နေရတယ်။ကြည့်ရသလောက်တော့ သရည်တွေဖြစ်မယ်..

သူ့မှေးကနေအရည်တွေစီးကျလာတာကို သူ့လျှာထုတ်ထုတ်ပြီးပြန်ပြန်လျှက်နေတယ်။ သူ့ကိုမြင်ရတာလမ်းဘေးကခွေးလေလွင့်တစ်ကောင်လိုဘဲ။
Officer D ကတော့သူ့ဘေးမှာထိုင်နေပြီးငယ်ချစ်ဦးရဲ့အပြုအမူကကြည့်ရတာ အဆင်မပြေတဲ့ပုံပေါက်တာမို့ ငယ်ချစ်ဦးရဲ့မျက်နှာပေါ်ကသရည်တွေကို တစ်ရှူးထုတ်ပြီး သုတ်ပေးနေတယ်။အဲ့အချိန်မှာငါသတိထားမိတာ ငယ်ချစ်ဦးကြည့်ရတာငြင်းဆန်နေချင်ပုံဘဲ။

ရည်ရွယ်ချက်ရှိရှိတုန်လှုပ်နေတဲ့အသံကိုသုံးပြီး officer D ကိုမေးလိုက်တယ်။

""ကျွန်တော့်ယောကျာ်းက....သူသတ်တာခံလိုက်ရတာလား""

D ကဖြေဆိုဖို့ခဏတာတုံ့ဆိုင်းသွားပြီး သူအနေနဲ့ဟုတ်မှန်ကြောင်းမပြောသလို ငြင်းလည်းမငြင်းဆန်ဘဲ အဲ့အစား

""ကျွန်တော်တို့ဆီက နည်းပညာရှင်တွေက ခင်ဗျားယောကျာ်းရဲ့ ကွန်ပျုတာကို ဖောက်ဝင်နိုင်ခဲ့တယ်။
ပြီးတော့ ကျွန်တော်တို့ folder တစ်ခုကိုရှာတွေ့ခဲ့ပြီးအဲ့ထဲမှာ ခင်ဗျားယောကျာ်းနဲ့ သူ့ရဲ့ မသင့်လျော်တဲ့ပုံတွေအပြည့်ကိုတွေ့ခဲ့ရတယ်။
ဒါ့အပြင် ခင်ဗျားယောကျာ်းမပျောက်ခင်နေ့...တစ်လအလိုလောက်က တစ်စုံတစ်ယောက်က ငယ်ချစ်ဦးဆီကို package တစ်ခုပေးပို့ခဲ့တယ်။ အဲ့ package ထဲမှာထုတ်ပိုးထားတဲ့ drug C တွေပါနေတယ်။ အဲ့ဆေးတွေက နှလုံးရောဂါကိုကုသဖို့အတွက်ထုတ်ထားတဲ့ဆေးတွေ""

""......အဲ့ဆေးတွေက ကျွန်တော့်ယောကျာ်းနဲ့ဘာပတ်သတ်မှုရှိလို့လဲ"' ငါမေးခွန်းထုတ်လိုက်တယ်။

""ကျွန်တော်တို့ကတော့ အရင်ကလည်းဆေးတွေဝယ်သုံးခဲ့ပုံရတယ်လို့သံသယရှိမိတယ်။ DrugCတွေကအခုထိထောက်ခံချက်မရသေးဘူး။ ဒါ့အပြင် ဆေးတွေက စိတ်ကိုပါ လှုံဆော်နိုင်တယ်လေ။""
Officer D ကရှင်းပြတယ်။

""မှုခင်းဆရာဝန်ရဲ့ report အရတော့ ခင်ဗျားယောကျာ်းက July 28 ဝန်းကျင်လောက်မှာဆုံးသွားပုံရတယ်။ သေဆုံးရတဲ့အကြောင်းအရင်းကတော့ သွေးအလွန်အကျွံဆုံးရှုံးသွားလို့ဘဲ။
ပြီးတော့ သူအနေနဲ့ drug C တွေသောက်ထားတဲ့ ဆေး record လည်းရှိနေတယ်""

""....သူနဲ့ ကျွန်တော့်ယောကျာ်းမှာ အဲ့လိုဆက်ဆံရေးရှိခဲ့တယ်လို့ ကျွန်တော့်ကို... မပြောပါနဲ့...""
ငါသိပ်ကိုထိတ်လန့်နေတဲ့အသံနဲ့ ""ဒါတောင်မှ သူ
ကျွန်တော့်ယောကျာ်းကိုလည်းသတ်ခဲ့သေးတယ်""

""အခုလက်ရှိစုံစမ်းစစ်ရေးမှုအဖြေအရတော့ ဟုတ်ပါတယ်"" officer D ကထောက်ခံတယ်။
""ဒါပေမဲ့လည်း...တစ်ခုကတော့ အဓိပ္ပါယ်မရှိဘူးဖြစ်နေတယ်။ အခန်းတံခါးက ဘာလို့လော့ကျနေရတာလဲ""




T/N
Damn! MC ယောကျာ်းက သွေးအလွန်အကျွံဆုံးရှုံး
ပြီး သေသွားတာ။ ကြည့်ရတာ ဖြစ်ဖြစ်ချင်းမသေသေးပုံရတယ်။ ငယ်ချစ်ဦးက လှီးဖြတ်စားသောက်မှသာ သွေးထွက်လွန်ပြီးဆုံးသွားတာ။ မသေခင်ဘယ်လောက်တောင်ဝေဒနာခံရလိုက်ရမလဲ။
ဒီဝတ္ထုကိုဘာသာပြန်ရင်အချိန်ယူယူနေရတယ်။မွန်းကြပ်လာလို့။ ဝတ္ထုရဲ့မှန်ခြင်း မှားခြင်းကလည်းဖတ်တဲ့သူရဲ့အမြင်တွေကနေမူတည်ပြီးပြောင်းသွားတာ။ ဒီလူအတွက်တော့ တဖြည်းဖြည်းနဲ့ခံစားလာရတာကဘယ်သူမှ မှန်မနေတော့သလိုဘဲ။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now