Chapter 33 [Z]

9.4K 1.2K 67
                                    

ရဲစခန်းဆီသွားဖို့ကို ဆုံးဖြတ်ချက်ချလိုက်တယ်။ ရုပ်ရှင်ဧကရာဇ်ကတော့ ငါ့ကိုစိတ်ပူတဲ့အတွက် နောက်ကနေချက်ချင်းလိုက်လာတယ်။
Officer Dရဲ့ ပုံစံကလည်း စိတ်သက်သာရာရသွားပြီး ချက်ချင်းကို သက်တောင့်သက်သာဖြစ်သွားတာဘဲ။သူဘာအတွက်နဲ့များ သက်တောင့်သက်သာဖြစ်နေသလဲတော့ ငါမသိဘူး။ငါအနေနဲ့ကတော့အဲ့အခန်းတံခါးရဲ့ 'သော့' ကိုအစထဲက ကြိုပြီးရှာတွေ့ထားပြီးသား။
ရဲစခန်းဆီသွားနေတဲ့လမ်းမှာ Editor B ဆီကို ဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်းပြောပြထားလိုက်တယ်။B ကတော့ အစောကြီးထဲက တော်တဲ့ရှေ့နေ့တစ်ယောက်ကို ကြိုတင်ငှားထားပြီးပြီတဲ့၊ နောက်ထပ်လည်း officer D ရဲ့နောက်ကြောင်းကို စုံစမ်းထားသေးတယ်။ ရထားတဲ့အချက်အလက်တွေအရတော့ Officer D ကငယ်ချစ်ဦးမိသားစုရဲ့ မွေးစားသားတစ်ဦးဖြစ်ပြီးမိသားစုဝင်အဖြစ်တော့ သန်းခေါင်စာရင်းထဲထည့်သွင်းဖော်ပြထားခြင်းမခံထားရတဲ့ကလေးဖြစ်သည်။

ငါနားလည်ပြီဖြစ်ကြောင်း B ကိုပြန်ပြောလိုက်တယ်။ရဲစခန်းကိုရောက်တဲ့အခါမှာတော့ ငါ့ယောကျာ်းရဲ့ အကိုကို တွေ့လိုက်ရပြီး A ကခုံတန်းမှာထိုင်နေတယ်။ သူရဲ့ဘေးမှာလည်း ကြည့်ရုံနဲ့တင်ရူးနေသလိုမျိုး ငယ်ချစ်ဦးကသူ့သားငယ်ရဲ့သေဆုံးမှုအတွက် သေခြင်းတရားနဲ့ဘဲပြန်ပေးဆပ်ရမယ်လို့ အထပ်ထပ်အခါခါ ရွေရွတ်နေတဲ့ သူ့အမေ ထိုင်နေတယ်။
A က ငါ့ကြည့်ပြီး သက်ပြင်းချကာ
"" မင်းရော ဒီကိုတိုင်ချက်လာဖွင့်တာလား"" လို့မေးတယ်။
ငါခေါင်းခါပြလိုက်တယ်။ A ကြည့်ရတာ သိသိသာသာကြီးကို ပင်ပန်းပြီး အိပ်ရေးမဝတဲ့ပုံစံနဲ့ မုတ်ဆိတ်မွှေးတွေတောင် မရိတ်နိုင်ဘဲ ပုံမှန်မြင်နေကြပုံစံနဲ့တောင် မတူတော့ဘူး။ သူ့ညီရဲ့သေဆုံးမှုက သူ့ကိုအတော်လေးအထိနာသွားစေပုံဘဲ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Officer D က ငါ့ကို စစ်ဆေးမေးမြန်းခန်းထဲ ဦးဆောင်သွားချိန်မှာတော့ ရုပ်ရှင်ဧကရာဇ်က အခန်းပြင်မှာစောင့်နေခဲ့ရတယ်။
ရုပ်ရှင်ဧကရာဇ်က ငါ့လက်တွေကို ဆုပ်ကိုင်ပြီး ခပ်ဖွဖွဖိညစ်ကာ အထဲ ထဲမှာတစ်ခုခုဖြစ်ခဲ့ရင်အကူအညီလှမ်းတောင်းလိုက်တာနဲ့ သူချက်ချင်းဝင်လာပြီး ကယ်မယ်လို့ပြောတယ်။ ငါကတော့ သူကို စိတ်ကူးယဉ်သမားလို့ဘဲ မြင်တယ်။ ဘာဘဲပြောပြာ ဒီနေရာကရဲစခန်းဘဲလေ။
အခန်းထဲမှာတော့ သစ်သားစားပွဲနဲ့ ကုလားထိုင် နှစ်ခုရှိသည်။ အခြားတစ်ဖက်ခြမ်းကို ဖောက်မြင်နေရတဲ့ မှန်နံရံကြီးလည်း ရှိနေပြီး အဲ့ဘက်အခြမ်းမှာတော့ ငယ်ချစ်ဦးက ထိုင်နေတယ်။
ထင်တဲ့အတိုင်းဘဲ သူ့ကို ထောင်သားဝတ်စုံနဲ့ တွေ့နေရတယ်။ သူ့လက်တွေရော ခြေထောက်တွေပါ သံခြေကျင်းတွေ လက်ထိတ်တွေ အခတ်ခံထားရပြီး သူ့မျက်နှာကလည်း သိပ်ကို စိုးရိမ်ပူပန်နေဟန်ပြသနေပင်မဲ့လည်း ငါ့ကို မြင်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံးက ကြောက်ရွံမှုကြောင့် တုန်လှုပ်သွားတယ်။
ငါသူရှေ့မှာ ဝင်ထိုင်လိုက်တယ်။ Officer D ကတော့ ငါ့ဘေးမှာ လိုက်ထိုင်ပြီး တိတ်တဆိတ် ချောင်းဟန့်ကာ "" စကားပြောလို့ရပြီ "' လို့ပြောတယ်။

Officer D ကို လှမ်းကြည့်တဲ့ ငယ်ချစ်ဦးရဲ့အကြည့်တွေထဲမှာ ယုံကြည်မှုတွေ ပါနေတာကို ငါတွေ့လိုက်တယ်။ ငါ့ကို ပြန်ကြည့်တဲ့အချိန်မှာတော့ အဲ့အကြည့်တွေက မုန်းတီးမှုနဲ့ အကြောက်တရားအဖြစ်ကို ပြောင်းလဲသွားကြတယ်။

ငယ်ချစ်ဦးက တုန်လှုပ်နေရင်းနဲ့ဘဲ
"" အဲ့ဒါ သူပါ။ သူကမှ ကျွန်တော်နဲ့ သူ့ယောကျာ်းကို အခန်းထဲမှာ သော့ခတ်ခဲ့တာပါ။
ကျွန်တော့်မှာ အကို့ကိုစား.......စားရုံကလွဲလို့ အခြားရွေးချယ်စရာမရှိခဲ့လို့......."" အဲ့အကြောင်းတွေကို ပြောပြရင်း သူတဖြည်းဖြည်းချင်း ကြောက်ရွံလာပုံရတယ်။ လက်တွေလည်း တဆတ်ဆတ်တုန်ရီနေပြီး သူ့ကြည့်ရတာ အချိန်မရွေးထရပ်ပြီး ထွက်ပြေးချင်နေတဲ့ပုံဖြစ်နေတယ်။
Officer D ကတော့ ငါ့ဘက်ကိုကြည့်ပြီး
"" ခင်ဗျား ဘယ်လိုထင်သလဲ "" မေးတယ်။

Officer D ကို ငါစိုက်ကြည့်လိုက်ပြီး စကားလုံးတိုင်းကို အာရုံစိုက်ကာ
"" အရူးတစ်ယောက်ပြောတာကို နားထောင်တော့ရောဘာများ ကောင်းသွားလို့လဲ?
သူ ကျွန်တော့် ယောကျာ်းကို သတ်တယ်ဆိုတာ အစောထဲကသိနေပြီးသားဘဲဟာ။ ""

Officer D က ပြုံးပြီး
""နောက်ဆုံးအကြိမ်ပြောတုန်းက ခင်ဗျားမယုံခဲ့ဘူးလေ။""

"" အခုတော့...ယုံတယ်"" ငါခေါင်းကို အောက်ငုံ့လိုက်ပြီး မျက်ရည်တွေကို သုတ်ရင်း ငိုရှိုက်နေတဲ့အသံနဲ့
""Officer.....အခုခင်ဗျား ကျွန်တော့်ယောကျာ်းကို သတ်ခဲ့တဲ့သူကို ခုခံကာကွယ်ပေးဖို့ကြိုးစားနေတာလား""

"" မဟုတ်ဘူး"" Officer D ကပြန်ပြောတယ်။ ""ဘယ်သူကများ အခန်းတံခါးကိုလော့ချခဲ့သလဲဆိုတာဘဲ""

"" တံခါးကိုတစ်ယောက်ယောက်ကလော့ချခဲ့တယ်ဆိုတာ ဘယ်အထောက်အထားတွေရှိနေလို့လဲ""
ငါငိုချင်းချတဲ့ပုံစံ ဟန်ဆောင်လိုက်ပြီး
"" ကျွန်တော့်ယောကျာ်းက သွေးထွက်လွန်ပြီးဆုံးသွားတာ! သူ့လက်ထဲမှာဓားရှိနေတယ်! အခန်းထဲမှာလည်း ကျွန်တော့်ယောကျာ်းနဲ့ သူကလွဲလို့အခြားဘယ်သူမှလည်း ရှိမနေဘူး! ပြီးတော့......
ပြီးတော့ သူ ကျွန်တော့်ယောကျာ်းရဲ့ အသားကိုလည်း စားခဲ့သေးတယ်။ သူကမှ တကယ့်တရားခံမဟုတ်ဘူးလား! ဘာအကြောင်းပြချက်အတွက်နဲ့ တံခါးကိုဘယ်သူလော့ချခဲ့သလဲဆိုတာဘဲ ခင်ဗျားစုံစမ်းနေရတာလဲ။ ဒီလူသတ်သမားကိုသာတရားခွင်ပို့ပြီး သေမိန့်ချစမ်းပါ!"" လို့ပြောပြီး ငါငိုချပလိုက်တယ်။


T/N Oh...officer D
ကမွေးစားသားဖြစ်နေတာဘဲ။
ဇာတ်လမ်းအစကနေအတူတူစဉ်းစားကြ မေးမြန်းကြ စိတ်ပူကြနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီးဖတ်လာခဲ့ကြတာ အခုဆိုဇာတ်သိမ်းဖို့ ငါးခန်းဘဲ ကျန်ပါတော့တယ်နော် ဒါကြောင့်မို့ အားလုံးအတူတူ နောက်ငါးခန်းထိ ဖြတ်သန်းကြရအောင်။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now